Tuesday, May 1, 2018

မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များစုပေါင်းလှူဒါန်း

Image may contain: 15 people, people smiling, people sitting and indoor
သရက် ဧပြီ ၃ဝ
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် မြို့နယ်လုံးဆိုင်ရာ သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရွှေဘုံသာ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် စမုတ်ကျောင်းတိုက်ဆရာတော်ထံမှ ပရိသတ်အပေါင်းတို့က ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက သာသနာ့ ဗိမာန်တော်တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စများအား လျှောက်ထားပြီး အလှူငွေ ပေးအပ်လှူဒါန်းခြင်းနှင့် အလှူရှင် များထံမှ အလှူငွေများ လက်ခံပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ အဆိုပါ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးပါက သရက်မြို့နယ်အတွင်း သံဃာတော်များ စာမေးပွဲ ဖြေဆိုခြင်း၊ သင်တန်းများ ပို့ချဆွေးနွေးခြင်းနှင့် ဘာသာ ရေးဆိုင်ရာ အခမ်းအနားများ ကျင်းပဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့မည်ဖြစ်သည်။
ပထမအကြိမ် လှူဒါန်းသည့် အလှူငွေကျပ် ၇ဝ၃၂၆၁ဝဝ လှူဒါန်းမှုအား ဘာဝနာကျောင်းဆရာတော်ထံမှ လှူဒါန်းမှု အစုစု အတွက် အနုမောဒနာတရားနာကြား၍ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)

No comments:

Post a Comment