Tuesday, May 1, 2018

ကဘူးမြို့ သံတမန်ရပ်ကွက်တွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် သတင်းထောက်ရှစ်ဦးအပါအဝင် လူပေါင်း၂၉ဦးသေဆုံး

Image may contain: one or more people and outdoor
ကဘူး ဧပြီ ၃ဝ
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးမြို့လယ်ရှိ သံတမန်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ လူပေါင်း ၂၉ ဦး သေဆုံးရပြီး သေဆုံးသူများအနက် အေအက်ဖ်ပီသတင်းဌာန၏ ဓာတ်ပုံသတင်းထောက်ချုပ် ရှားမာရေးပါဝင်ကြောင်း၊ ရုပ်မြင်သံကြား ရိုက်ကူးရေးသမားအဖြစ် ရုပ်ဖျက်ထားသူတစ်ဦးက ပထမဗုံးပေါက်ကွဲခဲ့ရာ နေရာအနီး၌ ဒုတိယမြောက်ဗုံးတစ်လုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် သတင်းထောက်များလည်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပထမအကြိမ်ဗုံးပေါက်ကွဲမှုမှာ အသေခံဗုံးဖောက်ခွဲမှုတစ်ရပ်ဖြစ်ပြီး သံတမန်ရပ်ကွက်အတွင်း ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ထိခိုက် သေဆုံးမှုများကိုမူ မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။ ပထမဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ သတင်းယူရန် သတင်းထောက်များ အပြေးအလွှားရောက်ရှိလာချိန်တွင် ဒုတိယမြောက် ဗုံးပေါက်ကွဲခဲ့သည်။
အသေခံဗုံးဖောက်ခွဲရေးသမားတစ်ဦးသည် မော်တော်ဆိုင်ကယ်တစ်စီးကို မောင်းနှင်လာပြီး ရဲတပ်ဖွဲ့၏ အမှတ် (၉) နယ်မြေအတွင်း နံနက် ၈ နာရီဝန်းကျင်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ယင်းအသေခံဗုံးဖောက်ခွဲမှုမှ ပြင်းထန်လှသည့်အသံကြီး ထွက်ပေါ်လာခြင်းကြောင့် ဒေသခံများအကြား ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ပွားခဲ့ကြရပြီး အခင်းဖြစ်ပွားရာ နေရာတစ်ခုလုံးကို ပိတ်ထားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ မိုဟာမက်အာမန်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
မည်သည့်နေရာသို့ ပစ်မှတ်ထား၍ တိုက်ခိုက်ကြောင်း မသိရသေးသော်လည်း ယင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာ အနီးတွင် အမျိုးသား လုံခြုံရေးဦးစီးဌာန (အန်ဒီအက်စ်)၏ ရုံးခွဲတည်ရှိကြောင်း၊ ယင်းဌာနမှာ အာဖဂန်နစ္စတန်နိုင်ငံ၏ အဓိကကျသော ထောက်လှမ်းရေး အေဂျင်စီဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဆင်ဟွာ/အေအက်ဖ်ပီ

No comments:

Post a Comment