Tuesday, May 1, 2018

တပ်မတော်သည် နိုင်ငံတကာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ဆောင်ရွက်၍ စည်းကမ်းဖောက်ဖျက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ

Image may contain: 5 people, indoor
နေပြည်တော် ဧပြီ ၃ဝ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပီရူးနိုင်ငံမှ Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ တွင် လက်ခံတွေ့ဆုံပြီးဆွေးနွေးပွဲ ပြုလုပ်သည်။
ထိုသို့တွေ့ဆုံစဉ် Mr. Gustavo Meza Cuadra Velasquez ဦးဆောင် သော ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များ က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသ၏ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအား ပြန်လည်လက်ခံ နိုင်မည့် အခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များ၊ သဟဇာတဖြစ်သော ပြန်လည်ဝင်ရောက်နေထိုင်နိုင် ရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်မှ ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိသည့် ကိစ္စရပ်များကို မေးမြန်းကြသည်။
မေးမြန်းမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် သည် နိုင်ငံတော်ကိုကိုယ်စားပြုနေသည့် ကာကွယ်ရေးအဖွဲ့အစည်း၊ တစ်ခု တည်းသော တပ်မတော်ဖြစ်၍ စည်းကမ်းနှင့်ပတ်သက်ပြီး တိကျစွာလုပ်ဆောင် လျက်ရှိကြောင်း၊ တပ်မတော်အက်ဥပဒေများကို လိုက်နာလျက်ရှိပြီး နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ဆောင်ရွက်၍ စည်းကမ်းဖောက် ဖျက်သူများအား ဥပဒေနှင့်အညီ တိကျစွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ဆောင်မှုများကြောင့်သာ ယခုကဲ့သို့အခြေအနေများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအား နှစ်နိုင်ငံ သဘော တူညီချက်များနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အသင့်ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ညွှန်ကြား ချက်များနှင့်အညီ ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း၊ စွပ်စွဲခံနေရသော လိင်အကြမ်းဖက်မှုများနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ ကိုးကွယ် သည့်ဘာသာအရ စက်ဆုပ်ဖွယ်အပြုအမူအဖြစ် သတ်မှတ်ထားပြီး ပြင်းထန်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ¤င်းပြစ်မှုများကို ပိုမိုပြင်းထန်စွာအပြစ်ပေးလျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်၏သမိုင်းကြောင်း၌ လည်း ထိုကဲ့သို့ လိင်အကြမ်းဖက်မှုများမရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရာတွင် ဒေသခံတိုင်းရင်းသားများ ကိုလည်း အလေးထားသာတူညီမျှသည့်ကူညီမှုများ ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ယခုမိမိတို့ပေးအပ်ထားသော ခိုင်မာသည့်အထောက်အထား စာရွက် စာတမ်းများနှင့် ဓာတ်ပုံမှတ်တမ်းများကို သေချာစွာလေ့လာပြီး ဖြစ်စဉ်ဖြစ်ရပ် မှန်များအား သိရှိအောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် မေ ၁ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာစဉ် ပွင့်လင်းစွာမေးမြန်းပြီး နှစ်ဖက်မျှတ စွာ စဉ်းစားသုံးသပ်စေလိုကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Mr. Gustavo Meza Cuadra Velasquez ဦးဆောင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များအား ရခိုင်ပြည်နယ် အရေးကိစ္စများနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ ဓာတ်ပုံ မှတ်တမ်းစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment