Tuesday, May 1, 2018

မန်ယူအသင်းဘက်ကိုဂိုးသွင်းယူပြီးနောက်အောင်ပွဲမခံခဲ့သည့်မစ်ခီတာယန်ကိုပရိသတ်များမေးခွန်းထုတ်

Image may contain: 2 people, people smiling, people playing sports, stadium and outdoor
ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်အတွင်း မန်ယူမှ အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ မစ်ခီတာယန်ဟာ အသင်းဟောင်း မန်ယူအသင်းဘက်ကို ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံမှုမရှိခြင်းအပေါ် ပရိသတ်အချို့က မေးခွန်းထုတ်လိုက်ပါတယ်။
မစ်ခီတာယန်ဟာ ၂ဝ၁၆ ခုနှစ် နွေဈေးကွက်အတွင်း ဒေါ့မွန်အသင်းကနေ မန်ယူ အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကွင်းတွင် အောင်မြင်မှုမရရှိခဲ့တာကြောင့် မန်ယူကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ မစ်ခီတာယန်ဟာ မန်ယူအသင်းဘက်ကို ပွဲကစားချိန် ၅၁ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့ပြီး အဲဒီဂိုးဟာ မမ်ခီတာယန်ရဲ့ အတွေ့အကြုံကြွယ်ဝမှုကို သက်သေပြခဲ့ပါတယ်။
မမ်ခီတာယန်ဟာ မန်ယူအသင်းကို ဂိုးသွင်းယူခဲ့အပြီး အောင်ပွဲခံခြင်းမရှိတာကြောင့် ပရိသတ်အချို့က မေးခွန်းထုတ်ခဲ့ပြီး တစ်ဦးက ''မမ်ခီတာယန်အနေနဲ့ မော်ရင်ဟိုရှေ့မှာ ရူးရူးမိုက်မိုက်ကို အောင်ပွဲခံသင့်ပါတယ်''လို့ လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သလို အခြားတစ်ဦးကလည်း ''မမ်ခီတာယန်ဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ အသင်းဖော်ဟောင်း တွေရှေ့မှာ ဂိုးသွင်းနိုင်တာပါ'' စသဖြင့် အမျိုးမျိုးရေးသားနေကြတာကို တွေ့ရပါတယ်။
မေလဲ့သင်း

No comments:

Post a Comment