Tuesday, May 1, 2018

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ရေလမ်းပြအမှတ်အသား ပြန်လည်စိုက်ထူပေး

Image may contain: 1 person, sky, outdoor and water
မုံရွာ ဧပြီ ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်း
မြစ်ကြောင်းတစ်လျှောက်တွင် ရေပေါ်
အမှတ်အသားနှင့် ကမ်းပေါ်အမှတ်အသား
များကို လအလိုက် တပ်ဆင်ပေးလျက်ရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ သိရ
သည်။
''ရေကြောင်းပြအမှတ်အသားတွေကို မြစ်
ရေနည်းပါးချိန်ဖြစ်တဲ့ နိုဝင်ဘာလကတည်း
က စလုပ်တာပါ၊ စိုက်ထူတဲ့အခါမှာလည်း
ကျွန်းတွေပေါ်က ယာခင်းတွေ လွတ်ဖို့
အတွက် ရေကြောင်းကိုကြည့်ပြီး စိုက်ရ
တယ်၊ တချို့ စိုက်ခင်းတွေက မထင်ရင်
မထင်သလို ဖျက်ဆီးပြီး မြစ်ထဲကို လွှင့်ပစ်
တာတို့ရှိတယ်၊ ရေထဲမှာရှိတဲ့ ရေဗော့တွေ
တံငါသည်တွေ ပိုက်ချက်မလွတ်လို့ ဝါးတွေ
ကိုသိမ်းသွားတယ်၊ အဲဒါမျိုးတွေကို မလုပ်
ကြဖို့ ပြောချင်ပါတယ်၊ ကိုယ့်ရဲ့စိုက်ခင်း
အဆင်ပြေဖို့၊ ငါးဖမ်းလုပ်ငန်းတွေအဆင်ပြေ ဖို့ တစ်ခုတည်းမကြည့်ကြဖို့လိုပါတယ်၊ အဲဒီ
ရေပေါ်၊ ကမ်းပေါ်အမှတ်အသားတွေကို ဖျက်ဆီးတဲ့သူတွေကို တွေ့ရှိရင်လည်း တရား
စွဲဆိုပြီး အပြစ်ဒဏ်အဖြစ် ထောင်သုံးနှစ်
အထိချမှတ်နိုင်တာဖြစ်တဲ့အတွက် တံငါ
သည်တွေ၊ စိုက်ခင်းသမားတွေက ဝိုင်းဝန်း
ထိန်းသိမ်းကြဖို့ ပြောချင်ပါတယ်'' ဟု တိုင်း
ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း
များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်း
သတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြား
ရေးမှူး ဦးတင်အောင်စိုးက ပြောသည်။
ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွား
လာနိုင်ရေးအတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ
နှစ်ဖြစ်သော ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ
တွင် ရေပေါ်အမှတ်အသား ၁၅ဝ၊ ကမ်းပေါ်
အမှတ်အသား ၃၄ဝ၊ ဒီဇင်ဘာလတွင်
ရေပေါ်အမှတ်အသား ၂၅ဝ၊ ကမ်းပေါ်
အမှတ်အသား ၁၅ဝ၊ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ
လတွင် ရေပေါ်အမှတ်အသား ၂၇ဝ၊ ကမ်း
ပေါ်အမှတ်အသား ၂၅ဝ၊ ဖေဖော်ဝါရီလတွင်
ရေပေါ်အမှတ်အသား ၂၅ဝ၊ ကမ်းပေါ်
အမှတ်အသား ၁၅ဝ၊ မတ်လတွင် ရေပေါ်
အမှတ်အသား ၂၅ဝ၊ ကမ်းပေါ်အမှတ် အသား ၁၅ဝ စုစုပေါင်း ရေပေါ် အမှတ်
အသား ၁၁၇ဝ၊ ကမ်းပေါ်အမှတ်အသား ၁ဝ၄ဝ အား ပြန်လည်စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment