Tuesday, May 1, 2018

တည်းခိုခန်းများတွင် အသက်မပြည့်သူများတည်းခိုမှုမရှိစေရေး ဆွေးနွေးဟောပြော

Image may contain: one or more people and people sitting
ရန်ကုန် ဧပြီ ၃ဝ
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ဧပြီ၂၈ ရက် နံနက် ၁ဝ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုးက မရမ်းကုန်းမြို့နယ်ရှိ တည်းခိုခန်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တည်းခိုခန်းများတွင် အသက်မပြည့်သေးသည့် စုံတွဲများ တည်းခိုမှုမရှိစေရေးနှင့် သက်ငယ်မုဒိမ်းမဖြစ်ပွားစေရေး ဆွေးနွေး ဟောပြောသည်။
အလားတူ ထန်းတပင်မြို့နယ်ရှိ မရွှေဥကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဧပြီ ၂၇ ညနေ ၅ နာရီက ထန်းတပင်မြို့နယ်မှူး ရဲမှူးကျော်ဝင်းက သက်ငယ် မုဒိမ်းကျဆင်းရေးနှင့် မှုခင်းကျဆင်းရေးအတွက် အုပ်ထိန်းသူမိဘများနှင့် ကလေးသူငယ်များ လိုက်နာရှောင်ကြဉ်ရမည့်အချက်များကို ဖြစ်စဉ်များနှင့် တကွ ရှင်းလင်းဆွေးနွေးကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဇာနည်မောင်

No comments:

Post a Comment