Tuesday, May 1, 2018

ဧရာဝတီမြစ် ကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် မအူသစ်မျိုးများစိုက်ပျိုးမည်

Image may contain: ocean, sky, beach, outdoor, nature and water
မန္တလေး ဧပြီ ၃ဝ
မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီ
မြစ်ရိုးတစ်လျှောက်ရှိ ရေတိုက်စားမှုဒဏ်
အများဆုံးခံစားရသည့် မြို့နယ်များအား
ကမ်းပြိုခြင်းမှ ထိန်းသိမ်းကာကွယ်နိုင်ရန်
အဆိုပါတိုင်းဒေသကြီး သစ်တောဦးစီး
ဌာနက မအူသစ်မျိုးများ စိုက်ပျိုးသွားမည်
ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့တိုင်းဒေသကြီးအတွင်း
မှာ မြစ်ရေတိုက်စားလို့ ကမ်းပါးပြိုတဲ့
ဒဏ်ကိုခံစားနေရတဲ့ မြို့နယ်တွေကို
ကာကွယ်ဖို့အတွက်ရယ်၊ နောက်ပြီး
တော့သူတို့ရဲ့စိုက်ပျိုးမြေတွေ မဆုံးရှုံးစေ
ဖို့ကို အဓိကရည်ရွယ်ပြီး မြစ်ဘေးတစ်
လျှောက်မှာ မအူသစ်မျိုးတွေကို စိုက်မှာ
ပါ၊ ဒေသခံတွေရယ်၊ ရေမြစ်ဖြိုးရယ်၊
လွှတ်တော်ကိုယ်စားလှယ်နဲ့ ကျွန်တော်
တို့ဌာနရယ်ပူးပေါင်းပြီးတော့ လာမယ့်
မိုးမကုန်ခင်မှာ အပြီးစိုက်ဖို့လျာထားပါ
တယ်''ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောသည်။
အဆိုပါ မအူသစ်မျိုးများကို မန္တလေး
တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရိုး
တစ်လျှောက်ရှိ မြို့နယ်သစ်တောဦးစီး
ဌာနများတွင် ပျိုးပင်ပေါင်းနှစ်သောင်း
ခန့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မအူသစ်များ သည် မြန်မာနိုင်ငံ၏ ဒေသမျိုးများဖြစ်
ကာ ချောင်းရိုး မြောင်းရိုးများကြား
တွင် အလေ့ကျပေါက်ရောက်လေ့ရှိပြီး ရေဝပ်ဒဏ်ခံနိုင်သည့် သစ်ပင်ကြီးအမျိုး
အစားဖြစ်ကာ အနည်းဆုံးနှစ်ပေါင်း ၅ဝ
ကျော်အထိ သက်တန်းခံနိုင်၍ ကမ်းပါး
ပြိုခြင်းကို ကောင်းစွာထိန်းသိမ်းနိုင်
သည့်အပင်များဖြစ်ပြီး သစ်တောဦးစီး
ဌာနမှ ပျိုးထောင်၍ အခမဲ့ဖြန့်ဝေပေး
ခြင်းဖြစ်ကြောင်း ၎င်းဌာနမှ သိရသည်။
ယင်းမအူသစ်မျိုးများကို ဧရာဝတီ
မြစ်ရိုးတစ်လျှောက် ကမ်းပြိုမှုဒဏ်ခံစား
ရသည့် မြို့နယ်များသို့ စိုက်ပျိုးရာ၌
အဆိုပါ တိုင်းဒေသကြီးရေအရင်းအမြစ်
နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဒေသခံ
ပြည်သူများနှင့် ပူးပေါင်း၍ သစ်တောဦးစီး
ဌာန၏ စိုက်ပျိုးနည်းစနစ်ဖြင့်ဆောင်
ရွက်သွားမည်ဖြစ်ကာ ယခုနှစ် မိုးရာသီ
မကုန်မီ အပြီးစိုက်ပျိုးမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ဧရာဝတီမြစ်ကြီးတွင် ရေလမ်းကြောင်း
ပြောင်းလဲ၍ ရေဦးထိုးခြင်းကြောင့် ကမ်း
ပြိုခြင်းများ ဖြစ်ပေါ်တတ်ပြီး ကမ်းပြို
ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ရာတွင် သံခြင်းအခြေပြုကျောက်စီတမံ၊
ကွန်ကရစ်တိုင် အခြေပြုကျောက်စီတမံ
နှင့် မျောကျောက်ဖြစ်ရေလွဲရေကာတို့
ဖြင့် အဓိကလုပ်ဆောင်နေခြင်းဖြစ်ကာ
အဆိုပါ လုပ်ငန်းများကို မြစ်ရေမတက်ခင်
ကာလအတွင်း အပြီးလုပ်ဆောင်သွား
မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့
ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်
အင်ဂျင်နီယာ ဦးကျော်ကျော်က ရှင်း လင်း ပြောကြားသည်။
အဆိုပါ တိုင်းဒေသကြီးအတွင်း ကမ်း
ပြိုကာကွယ်ရေးလုပ်ငန်းများကို စဥ့်ကူး၊
မတ္တရာ၊ အမရပူရ၊ တံတားဦး၊ ငါန်းဇွန်၊
မြင်းခြံနှင့် ညောင်ဦးမြို့နယ်များအတွင်း
ရှိ ကျေးရွာစုစုပေါင်း ၁၈ ရွာ၌ ငွေကျပ်
သန်းပေါင်း ၄၄၂၅ ဒသမ ဝ၈ သန်းဖြင့်
ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနမှ သိရသည်။
နဒီလှိုင်း

No comments:

Post a Comment