Tuesday, May 1, 2018

ဒလတံတားတည်ဆောက်မည့် ဧရိယာနှင့် မလွတ်ကင်းသည့် ဘုရားကြီးနှင့် သမ္ဗန်ကူးတို့ဆိပ်တို့ ပြောင်းရွှေ့ တည်ဆောက်

Image may contain: one or more people, sky, ocean, outdoor, nature and water
ဒလ ဧပြီ ၃ဝ
ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလတံတား) တည်
ဆောက်မည့် စီမံကိန်းလုပ်ငန်းခွင် ဧရိယာအတွင်း မလွတ်ကင်းသော ကမာကဆစ်အနောက်ကျောင်း
ဘုရားကြီး၊ ကမာကဆစ် ကူးတို့သမ္ဗန်ဆိပ်၊ ရေ
ယာဉ်ရုံးနှင့် နားနေဆောင်တို့အား နေရာပြောင်းရွှေ့
ပေးနိုင်ရေးအတွက် တံတားတည်ဆောက်နေချိန် ဒေသခံပြည်သူများ ခရီးသွားလာမှု အဆင်ပြေ
လွယ်ကူစေရန်အတွက် ပြောင်းရွှေ့နေရာ သတ်မှတ်
ပေးထားပြီး ယခုအခါ အဆိုပါလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံ အထူးအဖွဲ့(၂)မှ တာဝန်ရှိသူများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တံတားစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ကမာကဆစ်အနောက်ကျောင်း ဘုရားကြီးအား ကျန်စစ်သားရပ်ကွက် မြဝတီမင်းကြီးလမ်းဘေးရှိ တရားကွင်း မြေနေရာတွင် လည်းကောင်း၊ ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးအား မင်းရဲကျော်စွာလမ်းနှင့် ဆရာစံ(၂)လမ်းထောင့်တွင် လည်းကောင်း၊ ကမာ
ကဆစ် သမ္ဗန်ကူးတို့ဆိပ်အား ရာဇသင်္ကြန်လမ်း
မကြီးဘေး ယခင်ကူးတို့ဆိပ် နေရာဟောင်းတွင်
လည်းကောင်း အသီးသီး နေရာပြောင်းရွှေ့ သတ်
မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်
ရွက်လျက်ရှိကြောင်း ကမာကဆစ်ရပ်ကွက် အုပ်ချုပ်
ရေးမှူး ဦးဝင်းအောင်က ဧပြီ ၂၉ ရက် နံနက် ပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါ တံတားတည်ဆောက်ခြင်း ဧရိယာနှင့် မလွတ်ကင်းသည့် ကမာကဆစ်အနောက်ကျောင်း
ဘုရားကြီး ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်း
တွင် ကြီးကြပ်မှုကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ရာ အနောက်ကျောင်းတိုက် ပဓာနနာယက ဆရာတော်
ဘဒ္ဒန္တ ဦးဧသိကကြီးမှူး၍ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများ အား ကြီးကြပ်မှုကော်မတီဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အဆောက်အအုံအထူးအဖွဲ့(၂)
မှ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
ကျန်စစ်သားရပ်ကွက်သို့ ဘုရားကြီး ပြောင်းရွှေ့
တည်ထားခြင်းနှင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့
သို့ စက်တပ်သမ္ဗန်များဖြင့် နေ့စဉ်သွားလာနေကြ
သော ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စေ ရေးအတွက် ကမာကဆစ် သမ္ဗန်ကူးတို့ဆိပ်ကို ယခင်ကူးတို့ဆိပ်ဟောင်းအနီးသို့ ပြောင်းရွှေ့နေရာ
သတ်မှတ်ပေးထားပြီး ကူးတို့ဆိပ်၊ ရေယာဉ်ရုံးနှင့် နားနေဆောင်တို့ကိုလည်း အသစ်ပြန်လည် တည်
ဆောက်ပေးသွားမည်ဖြစ်ရာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်မှု၏ ကုန်ကျစရိတ်များကို (ဒလ)တံတား
တည်ဆောက်ရေးမှ ကျခံပေးသွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကောင်းချို (တံတားစီမံကိန်း စီမံခန့်ခွဲရေးကော်မတီ အဖွဲ့
ခေါင်းဆောင်) ထံမှ သိရသည်။
ဒလ(တံတား)တည်ဆောက်မည့် စီမံကိန်းဧရိယာ
အတွင်း ကမာကဆစ် စက်တပ်သမ္ဗန် ကူးတို့ဆိပ် လည်းပါဝင်ခဲ့ရာ အဆိုပါ ကူးတို့ဆိပ်၌ စက်တပ်
သမ္ဗန် အစင်းရေ ၅၉ စင်းရှိရာ နံနက် ၄ နာရီမှ ည ၈ နာရီ
အထိ ၄၁ စင်းနှင့် ည ၈ နာရီမှ နံနက် ၄ နာရီ အထိ
၁၈ စင်းရှိကြောင်း၊ တနင်္လာနေ့မှ သောကြာနေ့အထိ
နေ့စဉ်ပျမ်းမျှ ခရီးသွားပြည်သူ ၈ဝဝဝ နီးပါးရှိပြီး ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် ၆ဝဝဝ နီးပါး
ခန့် ပို့ဆောင်ပေးနေရကြောင်း၊ တစ်ရက်လျှင် ကျပ်
၁၂ဝဝဝ မှ ၁၅ဝဝဝ ထိရရှိရာ သမ္ဗန်မောင်းသူ
များ အဆင်ပြေလျက်ရှိကြောင်း၊ နေရာပြောင်းရွှေ့
သွားမည်ဆိုပါက နေ့စဉ် သွားလာနေကြသော လမ်း
ကြောင်း မဟုတ်ခြင်းကြောင့် ခရီးသည်များ လျော့
နည်းသွားမည်ဖြစ်ရာ စက်တပ်သမ္ဗန်မောင်းသူ
များ ယခင်ရရှိသော ဝင်ငွေထက် လျော့နည်းလာနိုင် ကြောင်း ကမာကဆစ်ရေယာဉ်ကူးတို့ဆိပ်ဥက္ကဋ္ဌ ဦးမြင့်ထူးက ပြောသည်။
နိုင်လင်းကျော်(ဒလ)

No comments:

Post a Comment