Tuesday, May 1, 2018

ကလေးဝ-ကလေး ကားလမ်းဘေး စွန့်ပစ်အမှိုက်ပုံမှ မီးခိုးများထွက်ကာ မီးလောင်မှုဖြစ်

Image may contain: 1 person, standing, outdoor, nature and water
ကလေးဝ ဧပြီ ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့အနောက်ဘက် တစ်မိုင် ခန့်အကွာ ကလေးဝ-ကလေး ကားလမ်းဘေး သော့ကျင်တောင် အရှေ့ဘက် မြစ်သာမြစ်ကမ်းဘေး အောက်ခြေရှိ မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ စွန့်ပစ်ထားသော အမှိုက်ပုံမှ ဧပြီ ၂၉ ရက် မွန်းတည့် ၁၂ နာရီက မီးခိုးများထွက်ရှိလာကာ မီးလောင်မှုဖြစ်ပွားသဖြင့် ကလေးဝ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်း ထွန်းအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိုးနှင့် မီးသတ်ဝန်ထမ်းများ နှင့် အနီးဝန်းကျင်ရှိ ဒေသခံ ပြည်သူ စုစုပေါင်းအင်အား ၅ဝ ခန့် တို့က ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွား ခဲ့ကြောင်းနှင့် အဆိုပါ မီးလောင်မှု ကြောင့် လူနှင့် တိရစ္ဆာန်၊ အဆောက် အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း ကလေးဝမြို့မရဲစခန်းမှ သိရသည်။
ချင်းတွင်းသား

No comments:

Post a Comment