Tuesday, May 1, 2018

ပရဟိတရန်ပုံငွေဖျော်ဖြေပွဲနှင့် အထက်မြန်မာပြည်အိမ်ထောင်ရှင်အလှမယ် ရွေးချယ်ပွဲ ကျင်းပ

Image may contain: 3 people, indoor
မန္တလေး ဧပြီ ၃ဝ
ပရဟိတရန်ပုံငွေဖျော်ဖြေပွဲနှင့်အထက်မြန်မာပြည်အိမ်ထောင်ရှင်အလှမယ် ရွေးချယ်ပွဲကို ဧပြီ ၂၈ ရက် ည ၇ နာရီက မင်္ဂလာမန္တလေးပရိုမိုးရှင်းဧရိယာ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံကျော်သရုပ်ဆောင် ထူးအံလွင်၊ တေးသံရှင်ပိုပို၊ ချစ်ဇွဲသာ၊ ဝိုင်းဒဏ္ဍာရီရွှေမင်းနှင့် မန္တလေး မြို့ရှိတေးဂီအဖွဲ့များမှ တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ယဉ်ကျေးမှုအဖွဲ့များက မြန်မာ့ရိုးရာအက ဖြင့် ဖျော်ဖြေခြင်း၊ အထက်မြန်မာပြည် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ မကွေး၊ နေပြည်တော်တို့မှအိမ်ထောင်ရှင် အလှ မယ် ၂၆ ဦးက Mrs. ASEAN Global QueenInt'l 2018(Upper Myanmar)မြန်မာဝတ်စုံ၊ ပွဲတက်ဝတ်စုံများဖြင့် သတ်မှတ်ကိုယ်ဟန်ပြ ယှဉ်ပြိုင်ကြသည်။
အခမ်းအနားအပြီးတွင် ပရဟိတအဖွဲ့များမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ အကျိုးတူပူးပေါင်းပါဝင်ပြသ ကူညီပံ့ပိုး ပေးသော စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment