Saturday, May 26, 2018

ကလေးသူငယ်ဖြစ်စေ၊ အရွယ်ရောက်ပြီးသူဖြစ်စေ မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရမှုပေါ်ပေါက်ပါက သေဒဏ်ကို မလွဲမသွေ ချမှတ်ရမည်ဖြစ်

Image may contain: 1 person
နေပြည်တော် မေ ၂၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ ၌ ကျင်းပရာ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းခြောက်ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆိုတစ်ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်း တို့ကို ဆောင်ရွက်ကြသည်။
ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၏ ကယားပြည်နယ်၏ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်ကာ ဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝ မြှင့်တင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ ဖြေလျှော့ပေးမှုများအပါအဝင် ပြည်နယ်အစိုးရနှင့် မည်ကဲ့သို့ ချိတ်ဆက်ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကယားပြည်နယ်အတွင်း ခရီးသွားကဏ္ဍအတွက် အဟန့်အတား ဖြစ်နေသည့် ကန့်သတ်နယ်မြေကိစ္စများအား ငြိမ်းချမ်းရေးနှင့် နယ်မြေအေးချမ်း မှုအပေါ်မူတည်၍ ထပ်မံဖြေလျှော့ပေးနိုင်ရန် ပြည်နယ်အစိုးရမှ စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောက်စုံမြို့တို့ကို ညီအစ်မမြို့တော်အဖြစ်မြှင့်တင်ပြီး မယ်စဲ့မြို့(BP-13) နယ်စပ်ဝင်ပေါက်မှ ခရီးသည်ဝင်ရောက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယားပြည်နယ်သည် ကုန်းတွင်းပိတ် ပြည်နယ်ဖြစ်သည့်အတွက် (BP-13) နယ်စပ်ဝင်ပေါက်ဖွင့်လှစ်နိုင်ပါက ထိုင်း နိုင်ငံမှ ခရီးသည်များ ပိုမိုဝင်ရောက်လည်ပတ်နိုင်ကြောင်း၊ သို့ပါ၍ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ ပိုမိုတိုးတက်လာကာ ပြည်နယ်အတွင်းရှိ ဒေသခံလူငယ် များ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်ကာ ဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝ မြှင့်တင်လာရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ၂ဝ၁၈ ခုနှစ် မေ ၂၆ ရက်တွင် လွိုင်ကော်မြို့၌ ကျင်းပမည့် ဖိုရမ်တွင် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်ပြီး ခရီးသွားလုပ်ငန်း ကဏ္ဍကို ဒုတိယဦးစားပေးအဖြစ် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီး သွားပြခန်းများ ဖွင့်လှစ်ပြသပြီး စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများကို ခရီးစဉ်ဒေသအသစ်များသို့ လိုက်လံပို့ဆောင်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်မေဝင်းမြင့်၏ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်ပြင်းထန်စွာ အမြန်ဆုံး အပြစ်ပေးနိုင်ရေးနှင့် သက်ငယ်မုဒိမ်းမှုလျော့ကျရေး မည်သို့သောအစီအစဉ်များဖြင့် အရေးယူဆောင် ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးတို့က ရှင်းလင်းဖြေကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် သက်ငယ်မုဒိမ်းဖြစ်စဉ်ကို မည်သို့မှလက်ခံနိုင်သည့် ပြစ်မှုမျိုးမဟုတ်သည့်အတွက် လူမဆန်သည့် လုပ်ရပ်မျိုးသတ်မှတ်ပြီး ဖြစ်စဉ် များလျော့နည်းပပျောက်စေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် ထိရောက်စွာ ကာကွယ်ပေးနိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်လာစေရန်နှင့် မြို့ပေါ်နှင့် ကျေးလက်များပါမကျန် လူထုလူတန်းစားအလွှာ အသီးသီးတွင် ဥပဒေနှင့်မှုခင်းအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး ပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ပြစ်မှုဖြစ်ပွားမှုကို တွန်းအားဖြစ်စေ သည့် ကိစ္စရပ်များကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း၊ ဖြစ်ပွားရသည့်အကြောင်းအရင်းများအပေါ် သုံးသပ်ပြီး အစီအမံများရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ ဖြစ်ပွားလာသည့် အမှုများကို ခိုင်မာစွာတရားစွဲဆိုပြီး ဥပဒေနှင့်အညီ ထိရောက်သည့် ပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိရောက်သည့်ပြစ်ဒဏ်များချမှတ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြင်ဆင်ရေးဆွဲခြင်း၊ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုတားဆီး
ကာကွယ်ရေးဥပဒေကိုလည်း သက်ဆိုင် ရာဝန်ကြီးဌာနမှရေးဆွဲလျက်ရှိခြင်း၊ ပြစ်မှုကျူးလွန်ခံရသူ ကလေးသူငယ်စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စောင့်ရှောက်မှုပေးနိုင်ရန် သက်ဆိုင် ရာဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဖွဲ့စည်းထားပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက မုဒိမ်းမှုနှင့်စပ်လျဉ်း၍ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုကျူး လွန်သည့်တရားခံကို ထောင်ဒဏ်နှစ် ၂ဝ ဖြစ်စေ၊ ၁ဝ နှစ်အထိဖြစ်စေ ထောင် ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါကြောင်း၊ သို့သော် တရားခံ က အရွယ်မရောက်သေးသူ ကလေးသူငယ်ဖြစ်စေ၊ အရွယ်ရောက်ပြီးသူဖြစ်စေ မုဒိမ်းပြုကျင့်သတ်ဖြတ်ခံရမှု ပေါ်ပေါက်ပါက တရားခံကို တရားရုံးက ရာဇ သတ်ကြီးပုဒ်မ ၉ဝ၂(၁)(ဂ)အရ သေဒဏ်မှအပ အခြားပြစ်ဒဏ် ချမှတ်နိုင်ခြင်းမရှိ သဖြင့် သေဒဏ်ကို မလွဲမသွေချမှတ်ရမည်ဖြစ်ပါကြောင်း၊ အရွယ်မရောက် သေးသူ ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ပြစ်မှုများ များပြားလာကြောင်း တွေ့ရသဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ပြီး ပြစ်မှုများကို ခရိုင်တရားရုံးက လက်ခံစစ်ဆေးပြီး ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက တရားခံကို ထိရောက်ဟန့်တားသည့်ပြစ်ဒဏ် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ရန်၊ အဆိုပါ အမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့ အစီရင်ခံသွားရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်အောက်ခံတရား ရုံးများသို့ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ယင်းညွှန်ကြားချက်အတိုင်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ အရွယ်မရောက်သေးသူ က
လေးသူငယ်အပေါ် သက် ငယ်မုဒိမ်းမှုများကို ဥပဒေကခွင့်ပြုသည့် ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နိုင် ခြင်းဖြင့် မုဒိမ်းမှုများ လျော့နည်းပပျောက်စေရန် တရားရုံးက ဆောင်ရွက် လျက်ရှိပါကြောင်း၊ တရားရုံးများက အရွယ်မရောက်သေးသူ ကလေးသူငယ်များ အပေါ် မုဒိမ်းမှုကျူးလွန်သူတရားခံများကို ဥပဒေကခွင့်ပြုသည့်အတိုင်း ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် ယင်းပြစ်မှုများဖြစ်ပွားမှု လျော့နည်း ပပျောက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးမျိုးညွန့်၊ ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်းနှင့် သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးတို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက နိုင်ငံတစ်ဝန်းရှိ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းအပါအဝင် ခရီး သွားလုပ်ငန်းများ၊ ခရီးသွားဒေသများ တိုးချဲ့သတ်မှတ်ခြင်းနှင့် အဆင့်မြှင့်တင် ခြင်း၊ ခရီးသွားလာရေး အထိမ်းအမှတ်ပွဲတော်များနှင့် ခရီးသွားလာရေးအထူး နှစ် သတ်မှတ်ခြင်းများ ဆောင်ရွက်၍ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်မှန်ကန်သော ခရီးသွားအစီအမံများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကိုတင်သွင်း ရာတွင် အာဆီယံနိုင်ငံအပါအဝင် နိုင်ငံတကာ၌ အစိုးရဝင်ငွေရရန်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို နည်းအမျိုးမျိုးဖြင့် မြှင့်တင် နေကြပါကြောင်း၊ ဈေးကွက်ရှာနေကြသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ တိုင်းပြည် အတွက် နိုင်ငံခြားဝင်ငွေရှာပေးနေသည့် အဓိကလုပ်ငန်းဖြစ်လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် လုပ်ကိုင်တတ်လျှင် ဝင်ငွေ လည်းရ၊ စိတ်ဝင်စားစရာကောင်းပြီး တိုင်းပြည်နာမည်ရမည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်သည့် အဓိကလုပ်ငန်းတစ်ခုဖြစ်သကဲ့သို့ မြို့ပြတွင် သာမက ကျေးလက်ဒေသများ၊ ကျွမ်းကျင်အလုပ်သမားများ၊ ကျွမ်းကျင်မှု နည်းသည့် အလုပ်သမားများအတွက်ပါ အလုပ်အကိုင်များ ဖန်တီးပေးသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း။
ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ ပြောင်းလဲလာမှုကို အမီလိုက်နိုင်ရန် အလိုက် သင့်လျင်မြန်စွာပြောင်းလဲနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ပြောင်းလဲ လာနေသည့် အခြေအနေတွင် ခရီးသွားများက ဒေသခံများနှင့် ပိုမိုထိတွေ့ ဆက်ဆံလိုလာကြပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထဲထဲဝင်ဝင် ထိတွေ့ ဆက်ဆံလိုကြပါကြောင်း၊ မဖွံ့ဖြိုးသေးသည့် လူသိနည်းသည့် နေရာသစ်များကို သွားရောက်လိုကြပါကြောင်း၊ အားနည်းချွတ်ယွင်းချက်များကို ရှာဖွေဖော်ထုတ် ပြုပြင်ပြီး အားသာချက်များကို အမိအရ ဆုပ်ကိုင်ကာ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်က သတ်မှတ်ပေးထားသည့် ရေရှည်တည်တံ့သော ခရီးသွားဖွံ့ဖြိုးမှုအတွက် ပြည့်စွမ်းအား ဆောင်ပုဒ်နှင့်အညီ အဓိကတာဝန်ယူဆောင်ရွက်နေသည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်အတူ ဆက်စပ်ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်နှင့် အစိုးရမဟုတ်သည့် လူမှုအဖွဲ့အစည်းများ၊ ဒေသအခြေပြုအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများနှင့် ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သည့် ပေါင်းစုအားဖြင့် အရှိန်အဟုန်နှင့် တိုးတက် အောင်မြင်သည့် ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန်အတွက် တိုက်တွန်းပါ ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံ ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ကြေညာသည်။
ထို့နောက် ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသော မြန်မာနိုင်ငံ ခရီးသွား လာရေးလုပ်ငန်း ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေး တင်ပြပြီး ဥပဒေကြမ်းကော်မတီဝင် ဦးစတီဖန်က အစီရင်ခံစာကို ဖတ်ကြား တင်သွင်းသည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို မေ ၂၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment