Saturday, May 26, 2018

မော်ရိုကို သဲကန္တာရအတွင်း ဥက္ကာခဲရှာဖွေ


Image may contain: one or more people, hat, beard, outdoor and nature======

ရာဘက် မေ ၂၅
အာကာသမှ ကြွေကျမြေခခဲ့သော ဥက္ကာခဲများကို မော်ရိုကိုနိုင်ငံတောင်ပိုင်း သဲကန္တာရအတွင်း ဥက္ကာခဲမုဆိုးများက ရှာဖွေလျက်ရှိကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ဥက္ကာခဲရှာဖွေသူများသည် ချစ်ချစ်တောက်ပူပြင်းလှသည့် အပူချိန်ကို မမှုဘဲ သဲကန္တာရအတွင်း မြေခဥက္ကာခဲများကို သဲသဲမဲမဲ ရှာဖွေလျက်ရှိကြသည်။ ဥက္ကာခဲများသည် နိုင်ငံတကာဈေးကွက်တွင် ဈေးကောင်းရရှိစေသော အာကာသပစ္စည်းတစ်မျိုးဖြစ်သဖြင့် ပြန်လည်ရောင်းချနိုင်ရန် ရည်ရွယ်ကာ ဥက္ကာခဲများကို ရှာဖွေကြခြင်းဖြစ်သည်။
အင်အားပြင်းသော သံလိုက်တစ်ချောင်းနှင့် မှန်ဘီလူးတို့ကို အသုံးပြုကာ ဥက္ကာခဲရှာဖွေနေသူတစ်ဦးမှာ အငြိမ်းစားကာယပညာဆရာတစ်ဦးဖြစ်သူ မိုဟာမက် ဘူဇဂါရင်ဆိုသူဖြစ်သည်။ ဥက္ကာခဲသည် ရွှေထက်ပင် အဖိုးထိုက်တန် ကြောင်း ၎င်းက ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment