Tuesday, May 1, 2018

နေရပ်စွန့်ခွာရွှေ့ပြောင်းပြည်သူများအတွက် ထောက်ပံ့ဆန်ပေးအပ်၊ အခမဲ့ဆေးဝါးကုသ

Image may contain: 3 people, people standing
ပူတာအို ဧပြီ ၃ဝ
ကချင်ပြည်နယ် ဥပဒေချုပ် ဦးဒီဆင်ရမ်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၃ဝ ရက် နံနက် ၁၁ နာရီခွဲတွင် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်ရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းပြည်သူများနေထိုင်သည့်စခန်းသို့ ရောက်ရှိပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့က လှူဒါန်းသော ဆန်အိတ် ၂ဝ ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပေးအပ်လှူဒါန်းရာ စခန်းတာဝန်ခံ ဆရာဦးတူးဆမ်က လက်ခံရယူ သည်။
အခမ်းအနားတွင် ကချင်ပြည်နယ် ဥပဒေချုပ်က ထောက်ပံ့ဆန်ပေးအပ် လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စခန်းတာဝန်ခံက စခန်းအတွင်းလိုအပ်လျက်ရှိသော သောက်သုံးရေရရှိရေး၊ ကျောင်းသုံးစာအုပ် ရရှိရေး၊ သက်မွေးပညာစက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးရေးတို့ကို တင်ပြရာ ဥပဒေချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ကချင်ပြည်နယ် ဥပဒေချုပ်နှင့်အဖွဲ့သည် ကချင်ပြည်နယ် အစိုးရ အဖွဲ့၏အစီအစဉ်ဖြင့် ပူတာအိုခရိုင် ပြည်သူ့ဆေးရုံတွင် မြစ်ကြီးနားအထွေထွေ ရောဂါကုဆေးရုံကြီးမှ အထွေထွေရောဂါအထူးကု၊ ခွဲစိတ်အထူးကု၊ အရိုးနှင့် ထိခိုက်ဒဏ်ရာအထူးကု၊ ကလေးအထူးကု၊ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး များက ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစစ်ဆေးပေးနေမှုနှင့် ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment