Thursday, May 31, 2018

မူဆယ်မြို့ မြန်မာ-တရုတ် ဝင်၊ထွက်ဂိတ်များ၌တရုတ်နိုင်ငံဘက်မှ စိစစ်မှုများကြောင့် ကုန်သည်နှင့် ခရီးသွားများအခက်ကြုံ

Image may contain: one or more people, crowd and outdoor
မူဆယ် မေ ၃ဝ
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်၊ထွက်ဂိတ် များတွင် တရုတ်ဘက်ခြမ်းက တင်း ကျပ်သောစိစစ်စစ်ဆေးမှုများ ပြုလုပ် လာသဖြင့် တရုတ်ပြည် ကြယ်ဂေါင် နှင့် ရွှေလီသို့ နေ့စဉ်သွားလာ အလုပ် လုပ်နေကြသည့် မြန်မာအလုပ်သမား များ၊ ကုန်သည်များ၊ အဝယ်တော်များ နှင့် ခရီးသွားဧည့်သည်များအားလုံး အခက်အခဲနှင့် ရင်ဆိုင်နေကြရ သည်။
တရုတ်ပြည် နယ်စပ်ကာကွယ် စုံစမ်းစစ်ဆေးရေးဌာန (လူဝင်မှု ကြီးကြပ်ရေးဌာနခွဲ)သည် မူဆယ်မြို့ရှိ ဆင်ဖြူ၊ နန်းတော်၊ မန်ဝိန်းစသည့် နှစ်နိုင်ငံ ဝင်၊ထွက်ဂိတ် သုံးခုမှ ဖြတ် သန်းလာသည့် မြန်မာနိုင်ငံသားများ အား တရုတ်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား တစ်ဦးချင်းစီ၏ လက်ချောင်းအားလုံးကို လက်ဗွေရယူ ခြင်း၊ မျက်နှာအား Scan ဖတ်၍ မှတ်တမ်းတင်ခြင်း၊အမည်၊ မှတ်ပုံတင် အမှတ်စသည့် ကိုယ်ရေးအကျဉ်း ရယူခြင်းတို့ကို စိစစ်မှတ်တမ်းယူပြီး မှသာ တရုတ်ပြည်အတွင်း ဝင်ရောက် ခွင့်ပြုကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေထိုင်သူများက နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းခွင့် စာအုပ် BP(Border Pass) ဖြင့်လည်းကောင်း၊ တခြားဒေသ မှ လာရောက်သူများက ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်TBP(Temporary Border Pass) ဖြင့် လည်းကောင်း မြန်မာဂိတ် သုံးခုမှ နေ့စဉ် ပျမ်းမျှလူဦးရေ ၁ဝဝဝဝ နှုန်း ဝင်၊ထွက်နေကြောင်း သိရ သည်။
''မနက် ၆ နာရီက စပြီး တန်းစီတာ ကိုယ့်အလှည့်က ၁ဝ နာရီလောက်မှ ရောက်တာဆိုတော့ အချိန်တွေကုန်၊ အလုပ်တွေပျက်တာပေါ့၊ နောက်ပြီး မိုးရွာထဲမှာ အမိုးအကာမရှိ စောင့်နေ ရတော့ ကလေးအမေတွေ၊ သက်ကြီး ရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေဆိုရင် ဒုက္ခရောက်တာပေါ့''ဟု မူဆယ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ဆရာမောင်(မူဆယ်)

No comments:

Post a Comment