Tuesday, May 1, 2018

ရှေးဦးပြုစုခြင်း(သာမန်)နှင့် လူငယ်ခေါင်းဆောင်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

Image may contain: one or more people
ဆီဆိုင် ဧပြီ ၃ဝ
လူသားဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဆီဆိုင်မြို့နယ် ကြက်ခြေနီ အသင်း(ခွဲ)က ကြီးမှူးဖွင့်လှစ်မည့် ရှေးဦးပြုစုခြင်း(သာမန်)နှင့် လူငယ်ခေါင်းဆောင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၃ဝ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဆီဆိုင်မြို့နယ် ကြက်ခြေနီအသင်း အတွင်းရေးမှူး ဦးမျိုးမင်းဆွေတို့က အဖွင့်အမှာစကားပြောကြားပြီး ဆီဆိုင်မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးချိုတူးမောင်က ယနေ့လူငယ်များ၏ တစ်ကိုယ်ရေစည်းကမ်းကောင်းမွန်မှု၊ စုပေါင်းလုပ်ဆောင် တတ်မှု၊ ကြက်ခြေနီ၏အခြေခံ/သာမန်ပညာရပ်များ တတ် ကျွမ်းနားလည်မှုစသည့် အကျိုးကျေးဇူးများ ခံစားသိရှိ နားလည်မှုရရှိစေမည့် ယခုလိုသင်တန်းမျိုး ဆီဆိုင်မြို့တွင် ဖွင့်လှစ်ခွင့်မပြုလုပ်နိုင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုမက ကျော်လွန်ခဲ့ပြီဖြစ်ပါကြောင်း၊ ယနေ့သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူလူငယ် မောင်မယ်များအနေဖြင့် သင်တန်းတွင် ပို့ချပေးမည့် အသိ ပညာ၊ အတတ်ပညာ စာတွေ့လက်တွေ့များကို ရိုးရိုး သားသား၊ ကြိုးကြိုးစားစားနှင့် လေ့လာသင်ယူ မှတ်သား သွားကြရန်လိုကြောင်း မှာကြားသည်။
သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် အခြေခံ(၇)ချက်၊ ရှေးဦးပြုစုခြင်းသဘောတရားနှင့် တာဝန်ဝတ္တရားများ၊ သွေးဆုတ်သွေးလန့်ခြင်း၊ အဆိပ်သင့် ခြင်း၊ အပူလောင်ခြင်း၊ သတ္တဝါများ ကုတ်ခြင်း၊ ကိုက်ခြင်း၊ သတိလစ်ခြင်းနှင့် မူးမေ့ခြင်း၊ ပတ်တီးစည်းခြင်းနှင့် ဆေး ထည့်ခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်းနှင့် အရိုးအဆစ်ကြွက်သားဒဏ်ရာ၊ ကြပ်အသုံးပြုပုံနှင့်Rice စည်းနည်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ၊HIVနှင့် AIDSရောဂါ၊ အရေးပေါ် ကလေးမွေးဖွားခြင်း စသည့်ဘာသာရပ်များကို သင်ကြားမည်ဖြစ်ပြီး ဆီဆိုင်မြို့ပေါ် ခြောက်ရပ်ကွက်နှင့် ကျေးရွာ သုံးရွာတို့မှ သင်တန်းသား သင်တန်းသူ ၄ဝ တက်ရောက်ပြီး သင်တန်းနည်းပြ ၁ဝ ဦးက သင်ကြား
ပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ခုနစ်ရက်ကြာမြင့်မည်
ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးခွန်လှသိန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆီဆိုင်မြို့နယ်
ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးချိုတူးမောင်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် သင် တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
ခွန်ရဲထွေး(ဆီဆိုင်)

No comments:

Post a Comment