Tuesday, May 1, 2018

နွေစပါးရိတ်သိမ်းတောင်သူများ မိုးသက်လေပြင်းကြား ခက်ခဲစွာလုပ်ကိုင်နေကြရ

Image may contain: one or more people, people riding on horses, outdoor and nature
ရေတာရှည် ဧပြီ ၃ဝ
ယခုရက်ပိုင်း နေ့စဉ်လိုလို မိုးသက်လေပြင်းများ တိုက်
ခတ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်
အတွင်းရှိ နွေစပါးများရိတ်သိမ်းလျက်ရှိသော တောင်သူ
များမှာ အခက်အခဲများစွာဖြင့် လုပ်ကိုင်နေကြရကြောင်း
သိရသည်။
နွေစပါးရိတ်သိမ်းရသည့်အကွက်များအတွင်း ရေ
များကျန်ရှိနေသည့်အပြင် မိုးရွာသွန်းမှုကြောင့် မြေသား
ကျွံကာ ရိတ်သိမ်းခြွေလှေ့စက်များနစ်ခြင်း၊ စပါးအနှံ
များကျန်ရှိခြင်းတို့ ကြုံတွေ့ကြရကြောင်း တောင်သူ အချို့က ပြောသည်။
''စိုက်တာက ထိုင်းကောက်ဆိုတော့ ရက် ၉ဝ သက်
တမ်းပဲရှိတယ်၊ အခုပေါ်ချိန်မှာက ရေကပြောင်အောင်
မထုတ်ရသေးဘူး၊ မိုးကဆက်ရွာတော့ စက်နဲ့ရိတ်တဲ့
အခါမှာ အလေအလွင့်တွေများကုန်တယ်''ဟု ကုန်းကြီး
ကျေးရွာအုပ်စု ပြီစုတ်ကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။
ရိတ်သိမ်းပြီးစပါးများအား လမ်းမပေါက်သည့်
အတွက် လုပ်သားများငှားရမ်း သယ်ယူကြရခြင်းကြောင့်
ကုန်ကျစရိတ်များပြားလျက်ရှိကြောင်း အထက်ပါ တောင်သူက ဆက်လက်ပြောကြားသည်။ ''စပါး
ဖြစ်တော့လည်း ဒီအတိုင်းအုပ်ထားလို့မှမရတာ။ နေပွင့်
တာနဲ့ လူငှားပြီး အခြောက်လှန်း၊ လှန်းလို့မှမပြီးသေးဘူး
မိုးကတက်လာတော့ အမြန်ပြန်ရုပ် နောက်တစ်ခါပြန်
လှန်းနဲ့ တောင်သူအလုပ်က စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရ တယ်၊ ဒါတောင် စပါးဈေးလေးကောင်းနေလို့ တော်
သေးတယ်''ဟု သပြေတန်းကျေးရွာနေ ဒေသခံ
တောင်သူ ဦးညီအောင်က ပြောသည်။
လက်ရှိပေါ်နေသည့် ထိုင်းကောက်စပါးများကို စက်ကျ အစိုဈေးနှုန်း တင်း ၁ဝဝ လျှင် ကျပ် ၅၆ဝဝဝဝ
ဖြင့် ဝယ်ယူလျက်ရှိပြီး ရောင်းဝယ်ကြသည့်အခါ ပွဲစား
များယူလာသည့် တင်းတောင်းကို သေချာခြင်တွယ်
ပြီးမှရောင်းချကြရသည်ဟု ၎င်းက ဆက်လက်ပြော
သည်။
နွေစပါးရာသီတွင် ရိတ်ခြွေစက်များကို အလွယ်တကူ ငှားရမ်း အသုံးပြုနိုင်ကြသော် လည်း ကျွမ်းကျင်မှုရှိသည့် စက်
မောင်းများဆိုလျှင် အလေ
အလွင့် နည်းပါးနိုင်ပြီး ကျွမ်း
ကျင်မှုမရှိပါက လေလွင့်မှုများ
ကြောင့် တောင်သူများထိခိုက် နိုင်သည်ဖြစ်၍ သတိပြုကာ လုပ်ကိုင်နေကြရကြောင်း ဒေသ
ခံတောင်သူများထံမှ သိရ သည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment