Sunday, May 27, 2018

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပ

Image may contain: 10 people, people smiling, people standing and food
ဌာနအလိုက်ပြခန်းများနှင့် ကယားပြည်နယ်အတွင်းရှိ လုပ်ငန်းများကို ကဏ္ဍအလိုက်ပြသထား
--------------------------------------------------------------------------
လွိုင်ကော် မေ ၂၆
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့က ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို လွိုင်ကော်မြို့ ပြည်နယ် ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို စစ်တမ်းအထောက်အထားနှင့်တကွ ဖော်ထုတ်တင်ပြဆွဲဆောင်ရန်၊ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် စစ်တမ်းမှရရှိလာသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ပိုမိုမြှင့်တင်အကောင်အထည်ဖော်ရန်၊ ကယားပြည်နယ် အတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို မြှင့်တင်ရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုအခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်နယ် ဝန်ကြီးများ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့်အဖွဲ့ဝင်များ၊ လွှတ်တော် သုံးရပ်မှ ကိုယ်စားလှယ်များ၊ ကုမ္ပဏီနှင့် စက်မှုလုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ လွိုင်ကော်မြို့ရှိ ပုဂ္ဂလိကဘဏ်များ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ တာန်ရှိသူများနှင့် လုပ်ငန်းရှင် များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြသ ထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ငြိမ်းချမ်းရေးကဏ္ဍ
ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် Kayah State Investment Forum ကို ကယားပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီး ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုး တက်ရေး ကြိုးပမ်းဖော်ဆောင်ရာတွင်လည်း ငြိမ်းချမ်းရေးကဏ္ဍသည် မရှိမဖြစ်အရေးပါ ကြောင်း၊ ငြိမ်းချမ်းရေးနှင့် တိုးတက်ဖွံ့ဖြိုးမှု သည် အပြန်အလှန် အမှီသဟဲပြုလျက်ရှိ ကြောင်း၊ ကယားပြည်နယ်သည် အခြားတိုင်း ဒေသကြီး၊ ပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျလျက်ရှိကြောင်း၊ အစိုးရ သစ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်ခြင်း၊ ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်နှင့် ညီအစ်မမြို့တော်အဖြစ် MoU ရေးထိုး ဆောင်ရွက်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းတိုးတက်လာစေရန် ဆောင်ရွက် ခဲ့ကြောင်း။
ရှင်းလင်းဆွေးနွေး
ယခုဖိုရမ်တွင် ပြည်နယ်အတွင်း ဘယ်လို ရင်းနှီးမြှုပ်နှံမှု ဖော်ဆောင်မလဲ၊ ဘာတွေကျန်ခဲ့ မလဲ၊ ထို့ကြောင့် င်္ Forum မှာ ဌာနဆိုင်ရာများ အနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန်၊ ရင်းနှီးမြှုပ်နှံရန်၊ လာရောက်သူများအား စိတ်ပျက်သွားသည့် ဖြစ်စဉ်များ မဖြစ်စေရေး ကြိုးပမ်းသွားရန်၊ တက်ရောက်လာသူများ အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံလိုသည့် ကဏ္ဍများကို မေးမြန်းပြီး ဌာနဆိုင်ရာများကလည်း အကျေအလည် ရှင်းလင်းဆွေးနွေးသွားရန်။
ကယားပြည်နယ်တွင် International Trade Center ဖြစ်ပေါ်လာစေရေး ကြိုးပမ်း ဖော်ဆောင်လျက်ရှိပြီး မဖြစ်သေးခင် တစ်ဆင့် ချင်း ချပြသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေ ကြောင်း၊ ပြည်နယ်အတွင်း လမ်းပန်းဆက် သွယ်ရေးကောင်းမွန်ခြင်း၊ လျှပ်စစ်မီး အလုံ အလောက်ရရှိနိုင်ခြင်း၊ ရေလုံလောက်စွာ ရရှိနိုင်သဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အဆင်ပြေ ချောမွေ့နိုင်စေမည်ဖြစ်ကြောင်းနှင့် ဟိုတယ်/ခရီးကဏ္ဍ၊ စိုက်ပျိုး၊ မွေးမြူရေး ကဏ္ဍ၊ သတ္တုကဏ္ဍများ ဖော်ဆောင်နိုင်ရန် အားသာချက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ နစ်နာမှုမရှိစေရေး၊ အပြန် အလှန် အကျိုးအမြတ်ရရှိမည်ဆိုပါက မိမိ ကိုယ်တိုင်ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဖော်ဆောင်နိုင်ရေး၊ အပြန် အလှန်အကျိုးရှိရေးနှင့် ရေရှည်အကျိုးကို မြော်တွေးဆောင်ရွက်ပြီး ပြည်နယ်တိုးတက် ရေးအတွက် မေတ္တာထား ဆောင်ရွက်ရန် ပြောကြားသည်။
ထူးခြားသည့်ပြည်နယ်
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက အမှာစကားပြောကြားရာတွင် ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ ဘက်တွင် တည်ရှိပြီး ထိုင်းနိုင်ငံနှင့်နယ်နိမိတ် ချင်း ထိစပ်နေသော ထူးခြားသည့်ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သတ္တု၊ သစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်၊ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှိပါကြောင်း၊ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်လိုပါကြောင်း ပြောကြားသည်။
ဆွေးနွေးခဲ့ကြ
ဆက်လက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးကThe Kayah: a State to grow ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်မြင့်မြင့်အေးကMyanmar Agriculture and Prospect of Agriculture Development in Kayah State ခေါင်းစဉ် ဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်သက်က Investment Opportunities in Mining Sector of Myanma ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော် ထွဋ်က Development of Hotel and Tourism Sector ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးစိုးမိုးကျော်က Industrial Sector ခေါင်းစဉ်ဖြင့်လည်းကောင်၊ မြန်မာ့ဈေးကွက် သုတေသနနှင့်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးအောင်မင်းကှummary of Kayah State Investment Opportunity Survey ခေါင်းစဉ်ဖြင့်လည်းကောင်း၊ President of Myanmar Creative Institute and Chairperson of SHM Group of Companies ဒေါက်တာ စောဌေးမြင့်က Potential Fields of Invest-ment in Kayah State, that’s increase the development of Kayah State ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြ သည်။
ပြန်လည်ဖြေကြား
ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲကို Invest in Attractive Kayah State ခေါင်းစဉ် ဖြင့် အတိုင်ပင်ခံကုမ္ပဏီ (Hamsa Hub) မန်နေဂျင်းဒါရိုက်တာ ဦးသုတအောင်က ဦးဆောင်ပြီးDevelopment for Inter-national Development (DFID Burma) ၏ အကြီး အကဲဖြစ်သူ Ms. Gail Marzetti၊ Loikaw Princess Hotel ပိုင်ရှင် ဦးခင် မောင်မြင့်၊DaNa Facility အဖွဲ့ခေါင်းဆောင်Mr. Peter Brimble၊ Myanmar Creative Institute ဥက္ကဋ္ဌ ဒေါက်တာစောဌေးမြင့်၊de heus Myanmar မှ Mr. Johan van den Ban တို့က ပါဝင်ဆွေးနွေးကြ၍ သိလိုသည့် မေးခွန်းများကို မေးမြန်းကြပြီး တာဝန်ရှိသူများ က ပြန်လည်ဖြေကြားကြသည်။
အသေးစိတ်ရှင်းလင်း
မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသော ပြည်တွင်း ပြည်ပမှလုပ်ငန်းရှင်များနှင့် ကယား ပြည်နယ်အတွင်းမှ လုပ်ငန်းရှင်များအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရေးအတွက် Business Matching ကို စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး ကဏ္ဍ၊ သတ္တုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဘဏ်လုပ်ငန်း စသည်ဖြင့် ကဏ္ဍအလိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ဌာနအလိုက် ပြခန်းများနှင့် ကယားပြည်နယ်၏လုပ်ငန်းများ ဖြစ်သည့် ပြည်နယ်အတွင်း ထွက်ရှိသည့် သတ္တုလုပ်ငန်းများ၊ သစ်လုပ်ငန်း၊ စိုက်ပျိုးရေး ပြခန်း၊ ပြည်နယ်၏ နာမည်ကျော်ကြားခဲ့သော ကျောက်ပြားလုပ်ငန်း၊ ကယားရိုးရာအထည်နှင့် ဝက်အူချောင်း စသည်တို့ကို ပြသထားပြီး ကဏ္ဍအလိုက် မည်သည့်အားသာချက်များ ကြောင့် ရင်းနှီးမြှုပ်နှံသင့်သည်၊ မည်သို့ အခွင့် အလမ်းကောင်းများ ဖော်ဆောင်နိုင်မည် စသည်ဖြင့် အသေးစိတ်ရှင်းလင်းဆောင်ရွက် ပြသခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment