Wednesday, May 30, 2018

လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်သာယာမြို့နယ်ရှိအောင်မြေသာယာဆုတောင်းပြည့်စေတီ ထီးတော်မြေခ

Image may contain: 4 people, people standing and outdoor
ရန်ကုန် မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ မေ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပေါ်ခဲ့ရာ လှိုင်သာယာ မြို့နယ်(၁၆)ရပ်ကွက်ရှိ အောင်မြေသာယာ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ထီးတော်နှင့် စိန်ဖူးတော်မြေခခဲ့ကြောင်း သိရ သည်။
လေပြင်းတိုက်ခတ်မှုကြောင့် အောင်မြေ သာယာဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ အရှည် ကိုးပေ၊ အချင်း သုံးပေ ခြောက်လက်မ ရှိ ထီးတော်မှာ အထက်ပစ္စယာနှင့် ရင်ပြင်တော်ပေါ်သို့ ပြုတ်ကျမြေခခဲ့ရာ ထီးတော်၏ ထိပ်ပိုင်းရှိ အချင်းလေးလက်မခန့် စိန်ဖူးတော်မှာလည်း မြေခပျက်စီးခဲ့သည်။
စေတီတော်ရှိ စိန်ဖူးတော်မြေခပျက်စီး သည့်နေရာသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်ကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်မြတ်ဦး နှင့်တပ်ဖွဲ့ဝင်များ ရောက်ရှိကာ စစ်ဆေး ဆောင်ရွက်ပြီး စိန်ဖူးတော်အတွင်းရှိ ရတနာ ပစ္စည်းများကို စနစ်တကျ စိစစ်သိမ်းဆည်း ထားကြောင်း သိရသည်။
အေးမင်းသူ

No comments:

Post a Comment