Wednesday, May 30, 2018

ပင်လည်ဘူးမြို့၌ နွား ၁၆ ကောင် မိုးကြိုးစက်ကွင်းမိသေဆုံး

Image may contain: outdoor and nature
ပင်လည်ဘူး မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ပြစ်ဆိုင်ကျေးရွာအုပ်စု အထက်ပြစ်ဆိုင်ကျေးရွာ၌ မေ ၂၈ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးထစ်ချုန်းနေစဉ် အထက်ပြစ်ဆိုင်ကျေးရွာ အနောက်ဘက် နှစ်မိုင်ခန့်အကွာ လယ်တောအစပ်ရှိ နွားလှန်ခုံစားကျက်တွင် ကျက်စားနေသော အထက်ပြစ်ဆိုင်ကျေးရွာနေ ဦးသိန်းအောင်၏ ခုနစ်မိုးခန့်ရှိ နွားမ ငါးကောင်၊ နှစ်မိုးခန့်ရှိ နွားထီး လေးကောင်၊ ဦးစင်းမောင်၏ ခုနစ်မိုးခန့်ရှိ နွားမ နှစ်ကောင်၊ တစ်မိုးခန့်ရှိ နွားထီး နှစ်ကောင်၊ ဦးသောင်းလွင်၏ ငါးမိုးခန့်ရှိ နွားထီး တစ်ကောင်နှင့် ဦးသိန်းလွင်၏ တစ်မိုးခန့်ရှိ နွားထီး နှစ်ကောင် စုစုပေါင်း နွား ၁၆ ကောင်တို့ မိုးကြိုးစက်ကွင်းမိ၍ သေဆုံးခဲ့ကြောင်း သိရ သည်။
မျိုးလွင်(ပင်လည်ဘူး)

No comments:

Post a Comment