Saturday, May 26, 2018

ရခိုင်ပြည်နယ်၌ ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

Image may contain: one or more people

စစ်တွေ မေ ၂၅
ရခိုင်ပြည်နယ်အဆင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် စစ်တွေမြို့ အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း မဟာ ပညာကျော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးအောင် သန်းမြင့်က ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပရေးနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အခြေခံပညာ မူလတန်းလွန်ကျောင်း (ပြည်တော် သာ)မှ ကျောင်းသား ကျောင်းသူများ အား ညွှန်ကြားရေးမှူးချုပ်၊ စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်များနှင့် ထီးများကို ပေးအပ်ကြသည်။
ပညာရေးဝန်ကြီးဌာနမှ ရခိုင် ပြည်နယ်တွင် ဗလာစာအုပ်တန်ဖိုး ငွေကျပ် ၃၅၅ ဒသမ ၉၈၉၁ သန်း၊ ကျောင်းဝတ်စုံတန်ဖိုး ငွေကျပ် ၅၇၃ ဒသမ ၉၉ဝ၂ သန်း၊ ပထမတန်းမှ ဒသမတန်းအထိ ပြဋ္ဌာန်းစာအုပ် တန်ဖိုး ငွေကျပ် ၁၈၂၇ ဒသမ ဝ၅၃ဝ သန်း စုစုပေါင်း တန်ဖိုးငွေကျပ် ၂၇၅၇ ဒသမ ဝ၃၂၂ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment