Saturday, May 26, 2018

ဝန်ကြီးဌာန လေးခု၏ ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

Image may contain: one or more people












နေပြည်တော် မေ ၂၅

ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။(ယာပုံ)

သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဝန်ကြီးဌာနအနေဖြင့် ပြည်သူနှင့် အစိုးရအကြား ပေါင်းကူး ဆက်သွယ် ဆက်စပ်ပေးသည့်တာဝန်ကို ထမ်းဆောင်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သတင်းအချက်အလက် ဖြန့်ဝေပေးခြင်း၊ အသိပညာ ပေးခြင်းနှင့် ဖျော်ဖြေပေးခြင်းဟူသည့် လုပ်ငန်းတာဝန်သုံးခုကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုလုပ်ငန်းတာဝန်သုံးခုကို ဆောင်ရွက်ရာတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူနှင့် ထိတွေ့ဆက်ဆံရသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ များ အသိပညာပြန့်ပွားရေးအတွက် စာကြည့်တိုက်များကို နိုင်ငံတစ်ဝန်း ဖွင့်လှစ်ကာ ဝန်ဆောင်မှု

ပေးလျက်ရှိပါကြောင်း၊ ယခုအခါ အဆိုပါစာကြည့်တိုက်များ ကို လူထုအခြေပြုဗဟိုဌာနများအဖြစ် ပြောင်းလဲဆောင်ရွက် လျက်ရှိပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနများတွင် ပြည်သူ့စကားဝိုင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအချိန်အထိ ပြည်သူ့စကားဝိုင်း အကြိမ်တစ်ရာကျော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် စာပေချစ်မြတ်နိုး သူများဖြင့် ဖွဲ့စည်းထားသည့် Book Club များကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။

အဓိကထမ်းဆောင်

ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား သတင်း အချက်အလက်များပေးခြင်းနှင့် ပြည်သူက ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့အစိုးရဖြစ်သည့်အတွက် အများပြည်သူထံ အစီရင်ခံသည့် လုပ်ငန်းတာဝန်ကိုပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကမီဒီယာ များနှင့် မတူကွဲပြားမှုများလည်းရှိနိုင်ပါကြောင်း၊ ပြည်သူ့ထံ သတင်းအချက်အလက်ဖြန့်ဝေခြင်းကို ဝန်ကြီးဌာနအောက် ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းတို့မှ အဓိကထမ်းဆောင်လျက်ရှိပါကြောင်း။

ထိုသို့ ပြည်သူ့ထံ သတင်းအချက်အလက်များကို ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာများမှ ဖြန့်ဝေပေး လျက်ရှိပါကြောင်း၊ ယခုအခါ အင်တာနက်အသုံးပြုသူ များပြားလာသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် အွန်လိုင်း မီဒီယာအခန်းကဏ္ဍကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ အွန်လိုင်းကဏ္ဍ တိုးချဲ့ဆောင်ရွက်မှုအနေဖြင့် Myanmar Digital News(MDN)ကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊Myanmar Digital News(MDN)မှတစ်ဆင့် သတင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေး နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပို့ဆောင်ပေးနိုင်ခဲ့

ပြည်သူများအား သတင်းအချက်အလက်ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းနှင့် ဖျော်ဖြေမှုပေးခြင်း စသည့် ကဏ္ဍသုံးခုဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ကိုယ်တိုင်ဆောင်ရွက်နေသည့်အပြင် ပုဂ္ဂလိကများနှင့် လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်း အချက်အလက်နှင့် သက်ဆိုင်သည့်ကဏ္ဍတွင် သတင်း မီဒီယာများ သတင်းအချက်အလက် ပိုမိုရရှိရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက် ပေးလျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်လည်း ချိတ်ဆက်ညှိနှိုင်းပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ပဋိပက္ခ ဖြစ်ပွားရာနေရာများသို့ သတင်းမီဒီယာများ သွားရောက် သတင်းရယူနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သတင်းမီဒီယာ များအား ၁ဝ ကြိမ်နှင့်အထက် ပို့ဆောင်ပေးနိုင်ခဲ့ပါ ကြောင်း။

သတင်းမီဒီယာသမားများ သတင်းအချက်အလက် ရရှိရေးနှင့်အတူ လွတ်လပ်စွာရေးသားခွင့်အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒီမိုကရေစီကူးပြောင်းစ ဖြစ်သည့်အတွက် တည်ဆဲဥပဒေအရ အရေးယူခံရသည့် ဖြစ်စဉ်များလည်းရှိပါကြောင်း၊ ထို့ကြောင့် သတင်းမီဒီယာ သမားများ သတင်းအချက်အလက်ရရှိရေးနှင့် လွတ်လပ်စွာ ရေးသားခွင့်အတွက် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် အဆင်သင့်ရှိပါကြောင်း။

လုပ်ကိုင်ခွင့်ပြု

မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရာတွင် အချို့ကိစ္စရပ်များမှာ နှေးကွေးမှုရှိနိုင် သော်လည်း ရှေ့သို့ ဆက်လက်လျှောက်လှမ်းလျက်ရှိပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ ခွင့်အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခေတ်နှင့် အညီ နည်းပညာများတိုးတက်လာသည့်အတွက် အွန်လိုင်း မီဒီယာ အသုံးပြုမှု တိုးတက်များပြားသောကြောင့် ပုံနှိပ် မီဒီယာအခန်းကဏ္ဍ အားနည်းလာသည်ကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း။

ရုပ်သံလွှင့်မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်သံလွှင့်ဥပဒေနှင့် နည်းဥပဒေ မပေါ်ပေါက်သေးသော် လည်း လက်ရှိတည်ဆဲဥပဒေများနှင့်အညီ ပုဂ္ဂလိကလုပ်ငန်း ရှင် ငါးဦးကို ရုပ်သံလွှင့်မီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းရှင် ငါးဦး အနက် မဇ္ဈိမမီဒီယာ၊DVBမီဒီယာတို့သည် စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း၊ ကျန်ရှိနေသည့်လုပ်ငန်းရှင် သုံးဦး သည်လည်း ယခုနှစ်အတွင်း စတင်ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ထို့အတူ ရေဒီယိုအသံလွှင့်လုပ်ငန်း တိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် Community Radioအဖြစ် ခရေ ရေဒီယိုအသံလွှင့်ခြင်းကို စမ်းသပ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်သူများ အသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ပွဲများ၊ စာပေပွဲတော်များ၊ ကလေးစာပေပွဲတော် များနှင့် စာအုပ်အရောင်းပွဲတော်များကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး၌ လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မကြာမီကျင်းပသွားရန် စီစဉ် ထားရှိပါကြောင်း၊ တိုင်းရင်းသားစာပေ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိရာ စာတမ်းဖတ်ပွဲများ၊ ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် ထွန်းဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ မြန်မာ့စွယ်စုံကျမ်းကို ခေတ်ကာလနှင့်လျော်ညီစေရန် မူသစ်ဖြင့် ပြောင်းလဲ ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် စာပေချစ်မြတ်နိုးသူများအတွက် မြန်မာဂန္ထဝင် အတွဲ ၁ဝဝ စာစဉ်ထုတ်ဝေနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း။

ကြိုးပမ်းဆောင်ရွက်

ပြည်သူများ အပန်းပြေစေရန် ဖျော်ဖြေမှုအခန်းကဏ္ဍတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် သက်ဆိုင်ရာ အစည်းအရုံးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေးဂီတပွဲတော်များကိုလည်း ကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ အလားတူ ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒီမိုကရေစီရုပ်ရှင်ပွဲတော်ကို ကျင်းပ ပေးနိုင်ခဲ့ပြီး ရုပ်ရှင်စတူဒီယိုနှင့် သင်တန်းကျောင်း ဖြစ်ပေါ် လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ရုပ်ရှင်စတူဒီယို ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ရုပ်ရှင် အစည်းအရုံးတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ ရုပ်ရှင်သင်တန်းကျောင်း ပေါ်ပေါက်ရေးအတွက် လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ပရိယတ္တိဆိုင်ရာ ကဏ္ဍတွင် အကြိမ်(၇ဝ)မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ပိဋကသုံးပုံ အာဂုံအောင် ၁ ပါး၊ ပိဋကနှစ်ပုံခွဲ အာဂုံအောင် ၂ ပါး၊ ပိဋက နှစ်ပုံ အာဂုံ အောင် ၆ ပါး၊ ပိဋကတစ်ပုံ အာဂုံအောင် ၁၃ ပါး၊ ဝိနည်း (ပထမပိုင်း) နှစ်ကျမ်း အာဂုံအောင် ၅၁ ပါး၊ ပိဋကနှစ်ပုံ ရေးဖြေအောင် ၁ ပါး၊ ပိဋကတစ်ပုံရေးဖြေအောင် ၄ ပါး၊ ဝိနည်း (ပထမပိုင်း) နှစ်ကျမ်း ရေးဖြေအောင် ၁ဝ ပါး စုစုပေါင်း စာအောင်သံဃာ ၈၈ ပါးတို့ အောင်မြင်ခဲ့ပါကြောင်း။

ထောက်ပံ့ပေးလျက်ရှိ

၂ဝ၁၈ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲအခမ်းအနားတွင် သံဃာတော် ၁၉၉ ပါး၊ သီလရှင် ၉ ပါး၊ လူပုဂ္ဂိုလ်အမျိုးသား၊ အမျိုးသမီး ၆ဝ၊ စုစုပေါင်း ၂၆၈ ပါး/ ဦးတို့အား ဆက်ကပ်အပ်နှင်းချီးမြှင့်ခဲ့ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လှူဒါန်းမှု စုစုပေါင်းတန်ဖိုး မှာ ပစ္စည်းတန်ဖိုး ကျပ် ၁၆၆၄ သိန်း၊ ငွေသားတန်ဖိုး ကျပ် ၁၅၇၆ သိန်း စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၃၂၄ဝ လှူဒါန်းနိုင်ခဲ့ပါကြောင်း။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၅၄၇ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၃ဝ၉၂၇၃ ဦးတို့အား ဆရာ ဆရာမ ၇၈၆၂ ဦးတို့ဖြင့် ပညာသင်ကြားလျက်ရှိပြီး မူလတန်းပြ တစ်ဦး လျှင် ကျပ် ၃၆ဝဝဝ နှုန်း၊ မူလတန်းလွန်နှင့် အလယ်တန်းပြ ကျပ် ၄၁ဝဝဝ နှုန်း၊ အထက်တန်းပြ ကျပ် ၄၅ဝဝဝ နှုန်းစီ ဖြင့် လစဉ် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ ၏ ဒုတိယတစ်နှစ်တာကာလအတွင်း ငွေကျပ် ၁၄ဝ၆၈၁ဝဝဝ ထောက်ပံ့နိုင်ခဲ့ပါကြောင်း။

အခြားဘာသာများအား ကူညီထောက်ပံ့ခြင်းအပိုင်း တွင် မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ်ဘာသာ ဝင်များ၊ ပရိုတက်စတင့်ခရစ်ယာန်နှင့် ကက်သလစ်ခရစ် ယာန် ဘာသာဝင်များသို့ ထောက်ပံ့လှူဒါန်းငွေကျပ် စုစုပေါင်း ၂၃၂၅ဝဝဝ ကို ထောက်ပံ့ပေးခဲ့ပါကြောင်း။

ကမ္ဘာ့အမွေအနှစ်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံခရစ် ယာန်အသင်းတော်၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများသင်တန်းကျောင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အစ္စလာမ်ဘိုးဘွားရိပ်သာတို့အတွက် ငွေကျပ်သိန်း ၅ဝ စီ လှူဒါန်းခဲ့ပါကြောင်း။

ကမ္ဘာ့အမွေအနှစ်စာရင်းများအဖြစ် ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ တို့ကို ၂ဝ၁၄ ခုနှစ် ဇွန် ၂၂ ရက်တွင်လည်းကောင်း၊ မန္တလေးမြို့ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ကျောက်စာကို ၂ဝ၁၃ ခုနှစ် ဇွန် ၂၃ ရက်တွင်လည်းကောင်း၊ မြစေတီ (ရာဇကုမာရ်) ကျောက်စာ ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း၊ အလောင်းမင်းတရားကြီး၏ ရွှေပေလွှာကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် လည်းကောင်း၊ ဘုရင့်နောင် မင်းတရားကြီးလှူဒါန်းထားသော မွန်၊ မြန်မာ၊ ပါဠိ သုံးဘာသာရေးထိုးထားသော ခေါင်းလောင်းစာကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် လည်းကောင်း သတ်မှတ်ဆောင် ရွက်နိုင်ခဲ့ကြောင်း။

ထို့ပြင် ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ အာနန္ဒ စန္ဒြစရကျောက်စာကို ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် ပစိဖိတ် ဒေသတွင်း ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းခဲ့ပြီး ကမ္ဘာ့မှတ်တမ်းအမွေအနှစ် သတ်မှတ်နိုင်ရန် ၂ဝ၁၈ ခုနှစ် မေလတွင် ကမ္ဘာ့အမွေအနှစ်စင်တာသို့ တင်သွင်းသွားမည် ဖြစ်ပါကြောင်း။

အမွေအနှစ်စာရင်း

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က အင်အား ၆ ဒသမ ၈ မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးခဲ့သော စေတီပုထိုး ၃၈၉ ဆူ ကို ပြုပြင်မှုများဆောင်ရွက်ခဲ့ရာ ဘုရား ၂၂၄ ဆူကို အင်္ဂါ စုံပြုပြင်ခြင်း၊ ဘုရား ၈၆ ဆူကို ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ဆဲဘုရား ၂၆ ဆူနှင့် ဆောင်ရွက်ရန် ၅၃ ဆူဖြစ်ပါကြောင်း။

လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲသည် တိုင်းရင်း သားများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအတွက် တိမ်မြုပ်ပျောက်ကွယ် လုနီးပါးဖြစ်နေသော ယဉ်ကျေးမှုဓလေ့ထုံးစံ ဒြပ်မဲ့ယဉ်ကျေး မှုအမွေအနှစ်များကို စဉ်ဆက်မပြတ် ကွင်းဆင်းစာရင်း ကောက်ယူခဲ့ရာ တိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း စုစုပေါင်း ၃၄၇ ခု စုဆောင်းခဲ့ပြီး ဖြစ်ပါကြောင်း။

မြန်မာသမိုင်းအဖွဲ့ကို ယခင်က အချိန်ပြည့် အဖွဲ့ဝင် ၁ဝ ဦး၊ အချိန်ပိုင်း အဖွဲ့ဝင် ၁၂ ဦး ဖွဲ့စည်းရာမှ ယခုနှစ် အတွင်း အချိန်ပြည့်အဖွဲ့ဝင် ၁၈ ဦး၊ အချိန်ပိုင်း အဖွဲ့ဝင် ၁၅ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း ရှင်းလင်းပြောကြား သည်။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေး ဆောင်ရွက်ပေးခြင်းအနေဖြင့် ပြည်တွင်း၌ အစိုးရဌာနများတွင် ၂၈၁၄၉ ဦး၊ ပုဂ္ဂလိက ကဏ္ဍတွင် ၃၈၃၆၈၅ ဦး စုစုပေါင်း ၄၁၁၈၃၄ ဦးနှင့် ပြည်ပ ကိုးနိုင်ငံသို့ ၃၂၉၁၂၅ ဦး စေလွှတ်ပေးနိုင်ခဲ့ပါ ကြောင်း။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအား မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးခြင်းအနေဖြင့် CI ထုတ်ပေး ရေးစခန်း ကိုးခု Mobile Team နှစ်ဖွဲ့ဖြင့် အလုပ်သမား ၁ဝ၇၇၃၈၅ ဦး ထုတ်ပေးခဲ့ပါကြောင်း။

ကျွမ်းကျင်လုပ်သားများ စစ်ဆေးအကဲဖြတ်ရာတွင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ''စံ'' သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့(NSSA)မှ အတည်ပြုထားသည့် ကျွမ်းကျင် မှု စစ်ဆေးအကဲဖြတ်ဌာနများတွင် အလုပ်အကိုင် ၂၂ မျိုးအတွက် ကျွမ်းကျင်မှုအဆင့် (၁)လုပ်သား ၄၈၁၆ ဦး၊ ကျွမ်းကျင်မှုအဆင့်(၂)အတွက် လုပ်သား ၂၅၅ ဦး စုစုပေါင်း ၅ဝ၇၁ ဦးကို ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် များ ထုတ်ပေးနိုင်ခဲ့ပါကြောင်း။

အတည်ပြု ထုတ်ပြန်နိုင်

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ညှိနှိုင်းအစည်းအဝေးများကို အကြိမ်ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ၁ဝ ဦးနှင့်အထက်ရှိသော လုပ်ငန်းများအတွက် တစ်နာရီလျှင် ကျပ် ၆ဝဝ နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ(တစ်ရက်) အတွက် ကျပ် ၄၈ဝဝ သတ်မှတ်နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ပေးပို့၍ ၂ဝ၁၈ ခုနှစ် မေ ၁၄ ရက်တွင် အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ပြန်လည်ထုတ်ပေး ခြင်းအနေဖြင့် ဆေးကုသမှု ကုန်ကျစရိတ်များအား ပြန်လည် ထုတ်ပေးလျက်ရှိရာ အမှုတွဲပေါင်း ၃၃၆၄၂ မှုအတွက် အာမခံအလုပ်သမားများအတွက် ငွေကျပ် သန်း ၁၅၄ဝ ဒသမ ၁၄၃ အား ပြန်လည်ပေးအပ်ခဲ့ပြီး ငွေကြေးအကျိုး ခံစားခွင့်အဖြစ် အမှုတွဲ ၃၄၃၁၉၉ မှုအတွက် ကျပ်သန်း ၁၅၂၃၉ ဒသမ ၈၃၃ ကို ဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေး နိုင်ခဲ့ပါကြောင်း။

အလုပ်သမားရေးအငြင်းပွားမှုများ ဖြေရှင်းဆောင် ရွက်ခြင်းတွင် ခုံသမာဓိကောင်စီမှ အလုပ်သမားရေးရာ အငြင်းပွားမှု ၁၉၂ မှုကို ဖြေရှင်းပေးခဲ့ရာ အလုပ်သမား ၃၁ဝ၃ ဦးအတွက် ငွေကြေးအကျိုးခံစားခွင့် ရရှိစေခဲ့ပါ ကြောင်း၊ ထို့အပြင် အငြင်းပွားမှု ၃၂၅ မှုကို ဖြေရှင်းပေးခဲ့ ရာ အလုပ်သမား ၅၉၁ ဦးအတွက် ငွေကြေးအကျိုးခံစား ခွင့် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားကြ သည်။

ထပ်မံခွင့်ပြုခဲ့

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန် ဦးအေးလွင်က လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းအနေဖြင့် ဆိုက်ရောက်ဗီဇာ (Visa On Arrival) စနစ်၊ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ နိုင်ငံသားများအား လုပ်ငန်းဗီဇာ၊ အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ၊ ဖြတ်သန်း ဗီဇာနှင့် ယာဉ်အမှုထမ်းဗီဇာတို့ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုတွင် ခွင့်ပြုပေးလျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ယူကရိန်း နိုင်ငံတို့ကို ထပ်မံခွင့်ပြုခဲ့ပါကြောင်း။

၂ဝ၁၄ ခုနှစ်မှစတင်၍ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် e-Visa စနစ်ဖြင့် အဆင့်ဆင့်တိုးချဲ့ဝင်ခွင့်ပြုခဲ့ပါကြောင်း၊ မြန်မာ-ထိုင်း အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်၊ ထွက်ပေါက် သုံးခု ဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်း လူဝင်မှု စစ်ဆေးရေးဂိတ်တို့တွင် ၂ဝ၁၆ ခုနှစ်မှစတင်၍ e-Visa ဖြင့် စတင်ခွင့်ပြုခဲ့ပါကြောင်း၊ ယခုအခါ ထီးခီးဂိတ်မှလည်း ဝင်၊ ထွက်ခွင့်ပြုနေပြီဖြစ်ပါကြောင်း၊ e-Visa Business(လုပ်ငန်းဗီဇာ)ကို ၅၁ နိုင်ငံ ခွင့်ပြုထားရာမှ ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အား ထပ်မံခွင့်ပြုခဲ့ ပါကြောင်း။

စာရင်းမှ ပယ်ဖျက်ခဲ့

ဥပဒေနှင့်အညီ ဖြေလျှော့မှုနည်းလမ်းများဖြင့် စိစစ် ၍ မြန်မာနိုင်ငံသား ၂၈ဝ၊ နိုင်ငံခြားသား ၄ဝ၃ ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၆၈၃ ဦးနှင့် နိုင်ငံကူးလက်မှတ်စာအုပ် ၃၅ အုပ်ကို (Black List) စာရင်းမှ ပယ်ဖျက်ခဲ့ပါကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမည်မည်း စာရင်း(Black List)များ ကြိုတင်စစ်ဆေးနိုင်သည့် စနစ် MAPPs (Myanmar Advanced Passenger Processing System)ကို ၂ဝ၁၈ ခုနှစ် မတ်လမှစတင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း။

သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများအား အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်သဘောတူညီချက်ကို မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများ အပါအဝင်

စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူး နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအား ဗီဇာ ကင်းလွတ်ခွင့်ပြုလျက်ရှိပါကြောင်း၊ ထို့အပြင် သာမန်နိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်ထားသူများအတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ကို မလေးရှားနိုင်ငံ မှအပ ကျန်အာဆီယံ ရှစ်နိုင်ငံနှင့် စာချုပ်ချုပ်ဆို ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြည်တွင်းနေ အရည်အချင်းရှိ နိုင်ငံခြားသားများက ပြည်ပရှိဆွေမျိုးများထံ သွားရောက်လိုပါက ပြည်ပြန်ဝင်ခွင့် ဗီဇာအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ မြန်မာငွေကျပ် ငါးထောင် ကောက်ခံ၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပြန် ဝင်ခွင့်ဗီဇာဖြင့် ပြည်ပတွင် ခြောက်လနေထိုင်ခွင့်ရှိပြီး သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်လိုပါက သက်ဆိုင် ရာ သံရုံး/ကောင်စစ်ဝန်ရုံးများ၌ ပြည်ပြန်ဝင်ခွင့် ဗီဇာ သက်တမ်း တိုးမြှင့်လျှောက်ထားနိုင်ပါကြောင်း။

ထုတ်ပေးနိုင်ခဲ့

အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင်MRTDစနစ်ဖြင့် ခရီးသည်ဆိုင်ရာ အချက်အလက်ရယူသည့် Border Control System (BCS) စနစ်ကို အသုံးပြုလျက်ရှိပါကြောင်း၊ အစိုးရ၏(၂)နှစ်တာကာလအတွင်း ပြည်ပရောက် မြန်မာနိုင်ငံသား များ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်လျှောက် ထားသူ ၁၁၇ ဦးအနက် ၆၈ ဦးကို ခွင့်ပြုဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ ၁၉၃ ဦးအနက် ၁၂၉ ဦးကို ခွင့်ပြုဆောင် ရွက်ပေးခဲ့ပါကြောင်း။

သစ္စာစီမံချက်ဖြင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ များနှင့် အလုပ်သမားများအား ၎င်းတို့ရောက်ရှိသည့် ဒေသတွင်ပင် အိမ်ထောင်စု ၃၉၉၆ဝ စုအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၄၈၅၄ ဦး ထုတ်ပေးနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူများအနေ ဖြင့် ပညာသင်ကြားချိန်မပျက် ငွေကြေးကုန်ကျမှု သက်သာ စွာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၁၇၉၄၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား များ ထုတ်ပေးနိုင်ခဲ့ပါကြောင်း။

ကြိုတင်ပြင်ဆင်

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်းလုပ်ငန်းကို စခန်း ၁၁ ခုနှင့်Mobile Team နှစ်ခုတို့တွင် ၂ဝ၁၇ ခုနှစ် မတ် ၃ ရက်မှစတင် ၍ ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ဝ၁၃၇၄၈ ဦးတို့အား CIဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း။

သန်းခေါင်စာရင်း အချက်အလက်များပေါ်မူတည်ပြီး တိုင်းရင်းသားလူမျိုးစာရင်း ထုတ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအပေါ် မူတည်၍ နိုင်ငံတော်၏ အမျိုးသားအဆင့် လူဦးရေမူဝါဒ ရေးဆွဲနိုင် ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ အနာဂတ်ကာလများတွင်လည်း သန်းခေါင် စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကိုလည်း အကောင်အထည်ဖော်လျက်ရှိပါ ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က မြန်မာခရီးသွား လုပ်ငန်း၏ မျှော်မှန်းချက်များသည် ပိုမိုကောင်းမွန်သော နေထိုင်ရန်နေရာဖြစ်စေရန်၊ အလုပ်အကိုင်များပိုမိုရရှိရန်၊ စီးပွားရေးအခွင့်အလမ်းများ ပံ့ပိုးပေးရန်၊ သဘာဝနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက် ရန်၊ ကြွယ်ဝသော ယဉ်ကျေးမှုအမျိုးအစားများအား မျှဝေ ခံစားရန်နှင့် လာရောက်လည်ပတ်သူများကို နွေးထွေးပျူငှာ စွာ ကြိုဆိုရန်တို့ဖြစ်ပါကြောင်း။

ပြည်ပဧည့်သည်

ဥပဒေစိုးမိုးရေးနှင့် ခရီးသွားကဏ္ဍတွင် ခရီးသွား ဥပဒေအသစ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဥပဒေ အသစ်တွင် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများနှင့် ခရီးသွား များအတွက် အခွင့်အရေးနှင့် လိုက်နာရန်အချက်များ တိကျစွာ ပါဝင်ပါကြောင်း၊ ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများအကြား လုပ်ပိုင်ခွင့်များခွင့်ပြုမှု အခြေအနေများလည်း ပါဝင်ပါကြောင်း။

နှစ်အလိုက် ပြည်ပဧည့်သည် လာရောက်လည်ပတ်မှု အနေဖြင့် ၂ဝ၁၇ ခုနှစ်တွင် ၃၄၄၃၁၃၃ ဦးရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဧပြီလအထိ ၁၂၂၅၈၅၆ ဦး ဝင်ရောက်ခဲ့ပါကြောင်း၊ စစ်တမ်းကောက်ခံရရှိမှုအပေါ် အခြေခံ၍ ပျမ်းမျှတည်းခို နေထိုင်ရက် တစ်ရက်ပျမ်းမျှ အသုံးစရိတ်တို့ကို ဖော်ထုတ် တွက်ချက်မှုအရ ဟိုတည်လုပ်ငန်းများမှ ဝင်ငွေရရှိမှုအနေ ဖြင့် ၂ဝ၁၇ ခုနှစ်တွင် အမေကန်ရိဒေါ်လာ ၁၉၆၉ သန်းရှိ ခဲ့ပြီး ၂ဝ၁၈ ဧပြီလအထိ အမေရိကန်ဒေါ်လာ သန်း ၇၁ဝ ရရှိခဲ့ပါကြောင်း။

နည်းပညာအကူအညီ

ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုသည် ရန်ကုန်မြို့၌ ၂၃ ရာခိုင်နှုန်း၊ မန္တလေးမြို့၌ ၁၂ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၆၅ ရာခိုင်နှုန်းရှိပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရန်ကုန်မြို့၌ ၇၁ ရာခိုင်နှုန်း၊ မန္တလေးမြို့၌ ငါးရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၄ ရာခိုင်နှုန်း ရှိပါကြောင်း။

တိုက်ရိုက်အလုပ်အကိုင်ရရှိမှုအနေဖြင့် ၂ဝ၁၈ ခုနှစ် တွင် ဟိုတယ်လုပ်ငန်းမှ ၆၂၇၆၂ ဦး၊ ခရီးလှည့်လည်ရေး လုပ်ငန်းမှ ၁ဝ၈၉၆ ဦး၊ ပို့ဆောင်ရေးလုပ်ငန်းမှ ၄၂၁၁ ဦး၊ ဧည့်လမ်းညွှန်လုပ်ငန်းမှ ၇၉၇၁ ဦး၊ စားသောက်ဆိုင် လုပ်ငန်းမှ ၃၃ဝဝဝဝ၊ လေကြောင်းလိုင်းမှ ၅၁၅ဝ၊ အမှတ် တရပစ္စည်း အရောင်းဆိုင်လုပ်ငန်းမှ ၂၃၅ဝ စုစုပေါင်း ၄၂၃၃၄ဝ ရှိပါကြောင်း။

နိုင်ငံခြားအကူအညီ အထောက်အပံ့စီမံကိန်းများ အနေဖြင့် ဂျာမနီနိုင်ငံHanns Seidel Foundation ၏ နည်းပညာအကူအညီဖြင့် တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒ၊ နိုင်ငံခြားသားများ ဆောင်ရန်၊ ရှောင်ရန်နှင့် ခရီးသွား လုပ်ငန်းတွင် လူမှုအဖွဲ့အစည်း ပါဝင်လာစေရေး မူဝါဒများ ရေးဆွဲခြင်း တစ်နှစ်စီမံကိန်း၊ နော်ဝေနိုင်ငံနှင့် အာရှဖွံ့ဖြိုး ရေးဘဏ်တို့၏ နည်းပညာအကူအညီဖြင့် ခရီးသွားလုပ်ငန်း တစ်နှစ်ပင်မစီမံကိန်း၊ ICIMOD ၏ နည်းပညာအကူအညီ ဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းမူဝါဒနှင့် စီမံခန့်ခွဲမှု မဟာဗျူဟာရေးဆွဲခြင်း တစ်နှစ်စီမံကိန်း၊ JICA ၏ နည်းပညာအကူအညီဖြင့် ပုဂံဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး သုံးနှစ်စီမံကိန်း၊ ဥရောပရှိ La Sapienza University ၏ နည်းပညာအကူအညီဖြင့် တာဝန်သိခရီး သွားလုပ်ငန်းဖွံ့ဖြိုးရေး အပြုသဘော အားပေးတိုက်တွန်းမှု ဖွံ့ဖြိုးစေခြင်း သုံးနှစ်စီမံကိန်း၊ လူဇင်ဘတ်နိုင်ငံ၏ နည်း ပညာအကူအညီဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ငါးနှစ်စီမံကိန်း၊ PfC ၏ နည်းပညာအကူ အညီဖြင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် အခြားဒေသများ တွင် သက်မွေးသင်တန်းများ ဖွင့်လှစ်ခြင်း၊Japan Tokyo Metropolitan ၏ နည်းပညာအကူအညီဖြင့် ခရီးသွား လုပ်ငန်း နယ်ပယ်ချဲ့ထွင်ရာတွင် ဆက်စပ်သော အဖွဲ့အစည်း များကို အားပေးကူညီခြင်း သုံးနှစ်စီမံကိန်း၊ သြစတြေးလျ နိုင်ငံMIID ၏ နည်းပညာအကူအညီဖြင့် သဘာဝအလှ အပများကို ထိန်းသိမ်းခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ သဘာဝ အရင်းအမြစ်များကို ဗဟိုပြုပြီး တာဝန်သိခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ် လေးနှစ်စီမံ ကိန်း၊ ဆွစ်ဇာလန်နိုင်ငံSwiss Contact ၏ နည်းပညာ အကူအညီဖြင့် စီမံကိန်းဟိုတယ်ဆိုင်ရာ သင်တန်းများ ကနဦးအစီအစဉ် သုံးနှစ်စီမံကိန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ၏ ငွေကြေးအကူအညီဖြင့် အရှေ့အနောက် စီးပွားရေး လမ်းကြောင်းတစ်လျှောက်ရှိ နွမ်းပါးသူများနှင့် အမျိုးသမီး များအတွက် စီးပွားရေးစွမ်းဆောင်မှုမြှင့်တင်ရေး သုံးနှစ် စီမံကိန်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ဖွင့်လှစ်ထားရှိ

ဒေသခံပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်း ကျေးရွာဒေသများအဖြစ် ကျေးရွာ ၄၇ ရွာတွင် လုပ်ငန်း ၂၁ ခု ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ခရီးသွားသတင်းအချက်အလက် ဖြန့်ဝေရေး စင်တာများအဖြစ် ရှမ်းပြည်နယ်တွင် ဖယ်ခုံကောင်တာ၊ ဟဲဟိုးလေဆိပ်ကောင်တာနှင့် ကလောကောင်တာ၊ ချင်း ပြည်နယ်တွင် ကန်ပက်လက်ကောင်တာ၊ မွန်ပြည်နယ်တွင် မော်လမြိုင်ကောင်တာနှင့် ရခိုင်ပြည်နယ်တွင် စစ်တွေ ကောင်တာတို့ကို ဖွင့်လှစ်ထားရှိပါကြောင်း။

ခရီးသွားလုပ်ငန်းဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းရန်၊ ဦးစား ပေး ခရီးစဉ်ဒေသများ ဖော်ထုတ်ရန်၊ မြန်မာနိုင်ငံကို ထင်ရှားသော ခရီးစဉ်ဒေသဖြစ်လာစေရန်၊ ခရီးသွားဆိုင်ရာ တရားမဝင်လုပ်ငန်းများ ထိန်းကျောင်းရန်နှင့် ယှဉ်ပြိုင်နိုင် သော ဈေးကွက်ခရီးသွားဒေသဖြစ်စေရန်တို့ကို ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ထားပါ ကြောင်း ရှင်းလင်းပြောကြားသည်။

တာဝန်ရှိသူများ ဖြေကြား

အဆိုပါ ဝန်ကြီးဌာနများ၏ ရှင်းလင်းချက်များအပေါ် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများက သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် သိရှိလိုသည်များကို မေးမြန်းကြသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပတ်သက်၍ ပြန်ကြား ရေးဝန်ကြီးဌာန၏ ရငွေ၊ သုံးငွေကိစ္စ၊ အွန်လိုင်းမီဒီယာများ မှတ်ပုံတင်ရေးကိစ္စ၊ သတင်းထောက်များ ဖမ်းဆီးတရားစွဲဆို ခံရခြင်းအပေါ် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနေသည့်အခြေအနေ၊ ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် စပ်လျဉ်းပြီး ဝန်ကြီးဌာနအနေဖြင့် သတင်းအမှန် သိရှိအောင် ဆောင်ရွက်နေသည့်အခြေအနေ၊ လူမှုကွန်ရက် များတွင် အမုန်းစကားများ ရပ်တန့်ရန် ဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည့်အခြေအနေ၊ သတင်းမီဒီယာဥပဒေ ရေးဆွဲနေသည့် အခြေအနေ၊ သတင်းမီဒီယာလွတ်လပ် ခွင့်နှင့် လွတ်လပ်စွာ သတင်းရယူခွင့် ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်သွားမည့် အခြေအနေနှင့် အထူးသတင်း ထောက်များကိစ္စတို့ကို မေးမြန်းကြရာ တာဝန်ရှိသူများက ဖြေကြားကြသည်။

ဥပဒေမူကြမ်းရေးဆွဲနေ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပတ်သက်၍ ဘာသာရေးပဋိပက္ခများ မဖြစ်အောင် ဆောင်ရွက်နေမှုအခြေအနေ၊ အမုန်းတရား ကာကွယ်ရေး ဥပဒေမူကြမ်းကိစ္စ၊ ရှေးဟောင်းပစ္စည်းများ ပြသထားမှု အခြေအနေ၊ ကမ္ဘာ့အမွေအနှစ်စာရင်းများအဖြစ် သတ်မှတ်ခံရရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို မေးမြန်း ကြရာ တာဝန်ရှိသူများက ဖြေကြားကြသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့်ပတ်သက်၍ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များ ပြန်လာရေး စီမံဆောင်ရွက် ထားရှိမှု အခြေအနေ၊ အိမ်အကူများ ညှဉ်းပန်းနှိပ်စက်ခံရမှု ကာကွယ်ပေးရေးကိစ္စ၊ အထောက်အထားမဲ့ သွားလာနေမှု ကိစ္စ၊ ကလေးအလုပ်သမားပပျောက်ရေး ဥပဒေမူကြမ်း ရေးဆွဲနေမှုအခြေအနေနှင့် လူမျိုးစုစာရင်းထုတ်ပြန်နိုင်ရေး ကိစ္စရပ်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ဖြေကြား ကြသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပတ်သက်၍ နိုင်ငံပိုင်ဟိုတယ်များ ငှားရမ်းထားသည့်ကိစ္စ၊ ကာစီနိုများ ခွင့်ပြုပေးနေမှုအခြေအနေ၊ CNNမီဒီယာနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စ နှင့် လေကြောင်းမှတစ်ဆင့် ခရီးသွားဝင်ရောက်မှု အခြေ အနေများကို မေးမြန်းကြရာ တာဝန်ရှိသူများက ဖြေကြား ကြသည်။

ဟန်မွှေး၊ လင်းနိုင်(သတင်းစဉ်)

No comments:

Post a Comment