Tuesday, May 1, 2018

သန့်ရှင်းသပ်ရပ်ပြီး စိတ်ချမ်းမြေ့စွာ ရောင်းဝယ်နိုင်စေရန် ပေါက်ချောင်းဈေးအား အဆင့်မြှင့်တင်

Image may contain: one or more people, tree and outdoor
မိတ္ထီလာ ဧပြီ ၃ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးဌာနမှ သန့်ရှင်းသပ်ရပ်စွာ စနစ်တကျရောင်းချနိုင်ရန်နှင့် ဈေးဝယ်ပြည်သူများ စိတ်ချမ်းမြေ့စွာ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ပေါက်ချောင်းဈေးအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီအဖွဲ့မှ သိရသည်။
မိတ္ထီလာမြို့တွင် စည်ပင်သာယာရေးဈေး(ဗဟို)ဈေးကြီးအပြင် ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ ရန်မျိုးအောင်ဈေး၊ အောင်ဆန်းရပ်ကွက် အတွင်းရှိ မြို့သစ်ဈေး၊ အောင်ဇေယျာရပ်ကွက်အတွင်းရှိ ပုလဲဈေး၊ ဝန်ဇင်းရပ်ကွက်အတွင်းရှိ ဝန်ဇင်းဈေး၊ ပြည်သာယာမြောက်ရပ်ကွက် အတွင်းရှိ ပြည်သာယာဈေးနှင့် ပေါက်ချောင်း ရပ်ကွက်အတွင်းရှိ ပေါက် ချောင်းဈေးများရှိရာ ပေါက်ချောင်းရပ်ကွက်အတွင်းရှိ ပေါက်ချောင်း ဈေးသည် ဈေးအတွင်းရောင်းချလျက်ရှိသည့် အသားငါးဆိုင်များ၊ ကုန် စိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များနှင့် စားသောက်ဆိုင်များမှာ ရောထွေးလျက်ရှိခြင်းကြောင့် ဈေးသည်များနှင့် ဈေးဝယ်ပြည်သူများ သွားလာဝယ်ယူရောင်းချရာတွင် အဆင်မပြေမှုများရှိသည်။
အဆိုပါ အသားငါးဆိုင်များ၊ ကုန်စိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များနှင့် စားသောက်ဆိုင်များ သန့်ရှင်းသပ်ရပ်ကာ စနစ်တကျ ရောင်းချနိုင်စေရန်
နှင့် ဈေးဝယ်ပြည်သူများ စိတ်ချမ်းမြေ့စွာ ဝယ်ယူနိုင်ရန် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ယူ၍ မိုးလုံလေလုံ ပျံကျဈေးဆိုင်ခန်းများ တည်ဆောက်ခြင်းနှင့်အတူ ဈေးသည်များ၊ ဈေးဝယ်များ သွားလာရအဆင်ပြေစေရေး အကျယ် ခြောက် ပေရှိ ပလက်ဖောင်းခင်းခြင်းလုပ်ငန်း၊ ဈေးပတ်လည်၌ ရေဆိုးရေညစ်များ ထွက်ရှိနိုင်စေရေး ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဧပြီလ စတုတ္ထပတ်မှစ၍ ဆောင်ရွက်လျက်ရှိရာ နှစ်လအတွင်း အပြီးတည် ဆောက်သွားမည်ဖြစ်သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment