Tuesday, May 1, 2018

ယာဉ်၊ ယန္တရားများဖြင့် ယင်းမာပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်

Image may contain: sky and outdoor
ယင်းမာပင် ဧပြီ ၃ဝ
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မျှော်လင့်မထား သော သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် စနစ်တကျသုံးစွဲနိုင်ရန် ရည်ရွယ်ပြီး ၂ဝ၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေ ကျခံခဲ့သည်။ ဧပြီ ၂၆ ရက်က လွှဲပြောင်းလက်ခံရ ယူခဲ့သော ငွေကျပ် ၈၁ ဒသမ ဝ၈၁ သန်း တန်ဖိုး ရှိသော ဘက်ဟိုး တစ်စီး၊ ကျပ် ၅၄ ဒသမ ၁၇၉ သန်း တန်ဖိုးရှိသော လမ်းကြိတ်စက် တစ်စီး၊ ကျပ် ၂ဝ ဒသမ ၈၁ဝ သန်း တန်ဖိုးရှိသော ခြောက်ဘီး မြေသယ်ယာဉ်တစ်စီး စုစုပေါင်းသုံးစီး ကျပ် ၁၅၅ ဒသမ ၉၈၉ သန်းတန်ဖိုးရှိ ယာဉ်နှင့် ယန္တရားများဖြင့် ယင်းမာပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ၊ ဌာနဆိုင်ရာလုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများ၊ အဖွဲ့အစည်းလုပ်ငန်းများတွင် ငှားရမ်းသုံးစွဲမည် ဆိုပါက လုပ်ငန်းများအလိုက် သတ်မှတ်ရန်ပုံငွေ များကောက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ် ယာဉ်နှင့် ယန္တရားကြီးကြပ်ရေးကော်မတီမှ သိရသည်။
''ယာဉ်နဲ့ ယန္တရားတွေကို စနစ်တကျ အသုံးပြု ထိန်းသိမ်းနိုင်ဖို့အတွက် သက်ဆိုင်ရာကုမ္ပဏီတွေက တာဝန်ရှိသူတွေကိုယ်တိုင် သင်ကြားပို့ချပေးတဲ့ ယန္တရားယာဉ်မောင်းတာနဲ့ ထိန်းသိမ်းတဲ့သင်တန်း ကို မုံရွာဟိုတယ်မှာ ဧပြီ ၂ ရက်မှ ၆ ရက်ထိ ငါးရက်
ကြာသင်တန်းမှာ ယင်းမာပင်မြို့နယ် အတွင်းရှိ မြို့နယ်ထွေ/အုပ်ဦးစီးဌာန မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ယာဉ်မောင်းသုံးဦး တက်ရောက်သင်ကြားတတ်မြောက်ခဲ့ပါတယ်'' ဟု မြို့နယ်ယာဉ်နှင့် စက်ယန္တရားကြီးကြပ်ရေး
ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက ပြောကြားသည်။
ယင်းမာပင်မြို့နယ်သို့ ခွဲဝေချထားပေးသည့် ယာဉ်နှင့် ယန­္တရားများကို ကြီးကြပ်ကွပ်ကဲထိန်းသိမ်း နိုင်ရန်အတွက် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လမ်း ဦးစီးဌာန၊ အခွန်ဦးစီးဌာန၊မြို့နယ်စည်ပင်သာယာ ရေးကော်မတီစသည့် ဌာနဆိုင်ရာများပါဝင်သည့် ယာဉ်နှင့် စက်ယန္တရားကြီးကြပ်ရေးကော်မတီကို ဧပြီ ၂၃ ရက်မှစတင် ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ် ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)

No comments:

Post a Comment