Tuesday, May 1, 2018

ဆင်သေလက်ဝဲတူးမြောင်းရေသောက်စနစ် အဆင့်မြှင့်တင်မှု နေပြည်တော်ကောင်စီဝင် ကြည့်ရှုစစ်ဆေး

Image may contain: one or more people, people standing and outdoor

တပ်ကုန်း ဧပြီ ၃ဝ
နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများသည် နေပြည်တော် တပ်ကုန်းမြို့နယ် တွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ADSP စီမံကိန်း ဆင်သေလက်ဝဲတူးမြောင်း ရေသောက် စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းခွင်သို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ ပြီးစီးမှုအခြေအနေနှင့် ၂ဝ၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလအထိ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မွှေး

No comments:

Post a Comment