Tuesday, May 1, 2018

ရခိုင်ပြည်နယ်အရေးကိစ္စအား မြန်မာနိုင်ငံမှ စီစဉ်ဆောင်ရွက်ထားမှုများကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့အား ရှင်းလင်းပြောကြား

Image may contain: 3 people, people sitting
နေပြည်တော် ဧပြီ ၃ဝ
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ များမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် သို့ရောက်ရှိနေစဉ်အတွင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အား ညနေ ၃ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာ ဘက်မှ စိစစ်ပြီးသူများအား ပြန်လည် လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ် ကြောင်း၊ နေရပ်စွန့်ခွာသူများအား ဆောလျင်စွာ ပြန်လည်လက်ခံရေးမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပူးပေါင်းဆောင် ရွက်မှုလိုအပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံသဘောတူထားသည့် ပုံစံမှန် များကိုဖြည့်စွက်၍ ဆောလျင်စွာ ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ထိခိုက်ခံအသိုက် အဝန်းများအားလုံးကို လူသားချင်း စာနာမှုအကူအညီများ ပေးအပ် လျက်ရှိမှု၊ အသိုက်အဝန်းများအကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရေး လိုအပ်မှု၊ နိုင်ငံသားပြုရေးကိစ္စ၊IDPစခန်းများ ပိတ်သိမ်းလျက်ရှိမှု၊ National Verification Card (NVC)များ ထုတ်ပေးသည့်ကိစ္စ၊ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်တွင် နေထိုင်သူ များ ပြဿနာ၊ အကြမ်းဖက်မှုအချိန် မရွေး ပြန်လည်ဖြစ်ပေါ်လာနိုင်ခြေ ရှိမှု၊ ပဋိပက္ခဖြစ်ပွားရသည့် အကြောင်း ဇာစ်မြစ်ကို ရှာဖွေဖြေရှင်းရန်လိုအပ်မှု၊ အမုန်းတရား ပြန့်ပွားစေသည့် ပြောကြားမှုများ ကာကွယ်တားဆီးရေး ကိစ္စ၊ အတန်းပညာရေး သင်ကြားမှု တိုက်တွန်းပေးရေး ကိစ္စတို့နှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အား တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၌ ယနေ့ညနေပိုင်းက တွေ့ဆုံခဲ့ သည်။ ယင်းနောက် ကိုယ်စားလှယ်အဖွဲ့ သည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူး ချုပ် ဒေါက်တာအောင်ထွန်းသက်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏အကြံပေး အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းမြ၊ ဦးထွန်းမြတ်၊ ဦးခင်မောင်လေး၊ ဦးလှမြင့်၊ ဒေါက်တာဒေါ်ခင်ညို၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင် နှင့် ဘာသာပေါင်းစုံညီညွတ်ရေး အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာ သာဥာဏ်၊ ဒေါက်တာတင်လှ၊ ဦးအောင်နိုင်၊ ဒေါက်တာလှထွန်း၊ ဦးသန်းလွင်၊ ဦးတင်မြင့်၊ ဦးမျိုးညွန့်၊ ဦးမောင်မောင်၊ ဦးအောင်စိုးလွင်တို့နှင့် ညပိုင်းတွင် ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ရွှေစံအိမ် ဟိုတယ်၌ အလုပ်သဘော ညစာစားပွဲ ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment