Monday, April 30, 2018

ဇနီးချောများကွန်ရက် ဇာတ်လမ်းတွဲ MRTV ရုပ်သံလိုင်းမှ ဇွန် ၁ ရက်တွင် စတင်ပြသမည်

Image may contain: 4 people, people smiling, people sitting, table and indoor
အောင်ပြည်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာအောင်သြဘာရိုက်ကူးသည့် ''ဇနီး ချောများ ကွန်ရက်'' အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲကို ဇွန် ၁ ရက်မှစတင်ကာMRTV ရုပ်သံလိုင်းတွင် ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းဇာတ်လမ်းတွဲသည် အောင်ပြည်ထုတ်လုပ်ရေးအတွက် သုံးကားမြောက် ထုတ်လုပ် ရိုက်ကူးသည့် ဇာတ်လမ်းတွဲလည်းဖြစ်သည်။ ထိုဇာတ်လမ်းတွဲနှင့် ပတ်သက်၍ ဒါရိုက်တာ အောင်သြဘာက ''မင်းသမီးလေးယောက်ကဖေ့ဘုတ်မှာ ပေ့ခ်ျထောင်ထားတယ်၊ သူတို့ကို အိမ်ထောင်ရေး အခက်အခဲတွေကိုမေးကြတယ်၊ အကြံÓဏ်တောင်းကြတယ်၊ သူတို့ပေးတဲ့ အကြံဥာဏ်နဲ့အဆင်ပြေသွားကြတယ်၊ သူများအိမ်ထောင်ရေးကို အဆင်ပြေအောင်သူတို့က ဆောင်ရွက်ပေးပေမယ့် သူတို့မိသားစုမှာလည်း အဆင်မပြေတာလေးတွေရှိတယ်ဆိုတဲ့ အကြောင်းရိုက်ပြထားတာပါ'' ဟု ၎င်းကပြောသည်။
အိမ်ထောင်ရေးပညာပေး ဇာတ်လမ်းအမျိုးအစားဖြစ်သည့် အဆိုပါဇာတ်လမ်းတွဲတွင် အိမ်ထောင်သည်အလှမယ်တစ်ယောက်အဖြစ် သရုပ်ဆောင်မေဘရဏီသော်မှ ပါဝင် သရုပ် ဆောင်သွားမည်ဖြစ်သည်။
''မေသော်တို့ ဒီကားမှာဝတ်မယ့်ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး အားလုံးတိုင်ပင်တယ်၊ တစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ ဖက်ရှင်တွေပြင်ဆင်ထားပါတယ်၊ မေသော်ကတော့ Miss တစ်ယောက်နေရာကသရုပ်ဆောင်ထားပါတယ်၊ ပရိသတ်တွေကိုလည်း ဒီဇာတ်လမ်း တွဲလေးကို အားပေးကြည့်ရှုဝေဖန်ပေးကြပါလို့ ပြောချင်ပါတယ်''ဟု ၎င်းကဆိုသည်။
စာရေးဆရာမ လွန်းထားထား၏ ဝတ္ထုကို ဇော်မြင့်ဦး ဇာတ်ညွှန်းရေးသားထားသည့် ယင်း ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်များအနေဖြင့် ဖိုးသောကြာ၊ နေယံ၊ ဇေယျ၊ ကျော်ကျော်၊ စိုးပြည့်သဇင်၊ ခင်သဇင်၊ မြနှင်းရည်လွင်၊ မေဘရဏီသော်နှင့် အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားကြောင်း သိရသည်။
မေနှင်းဆီ

No comments:

Post a Comment