Monday, April 30, 2018

အချစ်တစ္ဆေဝေလေလေ ဇာတ်ကား ရန်ကုန်မြို့ သုဝဏ္ဏတွင်ရိုက်ကူးလျက်ရှိ

Image may contain: 4 people, people standing
စိုးထုတ်လုပ်ရေးအတွက် ဒါရိုက်တာ မျိုးထူးရိုက် ကူးပြီး သရုပ်ဆောင်များစွာပါဝင်သည့် ''အချစ် တစ္ဆေဝေလေလေ'' အမည်ရှိ ဇာတ်ကားကို ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏမြို့နယ် သုခိတာ လမ်းရှိ ရှုတင်အိမ်တွင် ရိုက်ကူးလျက်ရှိကြောင်း သိရသည်။
''ဇာတ်လမ်းပုံစံက မင်းသားက Car Showroom တွေပိုင်တဲ့ သူဌေးသားပေါ့၊ အဖေကနိုင်ငံခြားမှာ၊ သူကအမေနဲ့နေတယ်၊ ရတနာဗိုကကျတော့ မဆင့် သူငယ်ချင်းရဲ့သမီး၊ ဖက်ရှင်ဒီဇိုင်နာသင်တန်းလာတက်တယ်၊ ရိုမန်စ့် ဖန်စီ အချစ်ဇာတ်ကားလေးပါပဲ''ဟု ဒါရိုက်တာ မျိုးထူးက အဆိုပါဇာတ်ကားနှင့် ပတ်သက်၍ ရှင်းပြသည်။
ယင်းဇာတ်ကားတွင် အဓိကသရုပ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် စိုးသီဟကလည်း ''ဒါကကျွန်တော့်ရဲ့ ငါးကားမြောက်ဇာတ်ကားပါ၊ ဖန်စီဟာသကားလေးပါ၊ ဒီကားကအရင်တုန်းက ကိုလွင်မိုးတို့လည်းရိုက်ဖူးပါတယ်၊ ဒီခေတ်နဲ့ လျော်ညီအောင် ပြန်ရိုက်ထားတာပါ၊ ဒီကားမှာ ကျွန်တော်က ရှုပ်တဲ့ကောင်လေး တစ်ယောက်ပါ၊ ပွေတဲ့ ရှုပ်တဲ့အတွက် ပြန်ပြီးရှင်းရတဲ့ပုံစံလေးပါ၊ ဒီ ကားလေးကြည့်ပြီး ပရိသတ်တွေရယ်မောပျော်ရွှင်ပြီး ကြည်နူးကြရတယ်ဆိုရင်ပဲ ကျွန်တော်ကြိုးစားရကျိုးနပ်ပါတယ်''ဟု ဆိုကာ ၎င်းပါဝင် သရုပ်ဆောင်ရသည့် အပိုင်းနှင့်ပတ်သက်၍ပြောသည်။
ဇော်ချင်းသစ်၏ ဇာတ်လမ်းကို ချင်းတွင်းတာရာ ဇာတ်ညွှန်းရေးသားထားသည့် ယင်းဇာတ်ကားသည် ဖန်စီဟာသ ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီး သရုပ်ဆောင်များအနေဖြင့် သရုပ်ဆောင်စိုးသီဟ၊ မေသန်းနု၊ ရတနာဗို၊ ခရစ္စတီးနား၊ မိုးပွင့်ဖြူဟန်၊ ရွှေရည်သုန်သုန်နှင့် အခြား သရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားကြောင်းသိရသည်။
မေနှင်းဆီ

No comments:

Post a Comment