Tuesday, April 3, 2018

Miss Tourism Mandalay 2018 ရွေးချယ်ပွဲကျင်းပ

Image may contain: 7 people, people smiling, people standing
ချမ်းအေးသာစံ ဧပြီ ၂
Miss Tourism Mandalay 2018ရွေးချယ်ပွဲ
အခမ်းအနားကို ဧပြီ ၁ ရက် ည ၇ နာရီ
က မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၂၆
လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားရှိ Mandalay Swan Hotel ခန်းမ၌ ကျင်းပ
သည်။
အခမ်းအနားတွင်Miss Tourism Mandalay 2018 ပြိုင်ပွဲကျင်းပရေး City Director ဒေါ်လဲ့ရည်မွန်ကျော်အောင်က
ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့်
ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြော
ကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး
မြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ကြသော
အလှမယ်များက တစ်ဦးချင်း၊ အဖွဲ့လိုက်
ကိုယ်ဟန်အလှပြကြပြီး အကဲဖြတ်ဒိုင်များ
က ဝတ်စားဆင်ယင်မှု၊ ကိုယ်ဟန်အနေ အထား၊ ဥာဏ်စမ်းမေးခွန်းများ မေးကာMiss Tourism Mandalay, Miss Tourism Queen of the Year Mandalay, Miss
Tourism Metropolitan Mandalay
သရဖူတို့ကို ချီးမြှင့်ရွေးချယ်ကြသည်။
Miss Tourism Mandalay 2018 ပြိုင်ပွဲ
များကို ပြည်နယ်နှင့် တိုင်းဒေသကြီး
အလိုက်ရွေးချယ်ကာ အနိုင်ရရှိသူများကို Miss Tourism Mandalay ပြိုင်ပွဲတွင် ထပ်မံရွေးချယ်ပြီး အနိုင်ရရှိသူများကို
နိုင်ငံတကာ ပြိုင်ပွဲများသို့ စေလွှတ်သွား
မည်ဖြစ်သည်။ မလေးရှားနိုင်ငံမှ Miss Tourism International အဖွဲ့အစည်းနှင့် သဘောတူညီမှုရရှိထားကြောင်း သိရ သည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment