Tuesday, April 3, 2018

မျိုးဆက်သစ်လူငယ်များစက်ဘီးပြိုင်ပွဲ သံဖြူဇရပ်တွင်ကျင်းပ

Image may contain: 3 people, bicycle and outdoor
သံဖြူဇရပ် ဧပြီ ၂
သံဖြူဇရပ်မြို့နယ် အားကစားကော်မတီနှင့် မြို့နယ်စက်ဘီးဆပ်ကော်မတီတို့ စီစဉ်ကျင်းပသည့် အသက် ၁၈ နှစ်အောက် မျိုးဆက်သစ်လူငယ်များ စက်ဘီးပြိုင်ပွဲကို ဧပြီ ၁ ရက် နံနက်တွင် သံဖြူဇရပ်မြို့၌ ကျင်းပသည်။
ပြိုင်ပွဲကို နံနက် ၇နာရီတွင် လမ်းဦးစီးဌာနရုံးအရှေ့မှ စတင်တာထွက်ပြီး ကရင်သောင်ကျေးရွာသို့ ဝင်ရောက်ကာ ထိုမှတောလမ်းခရီးကြမ်းအပါအဝင် အသွားအပြန် ၂၂ မိုင်စီးနင်းယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲတွင်လူငယ် ၂၅ ဦးဝင်ရောက်ယှဉ်ပြိုင်ပြီး သန့်ဇင်ထက်(ကြာကန်ရပ်ကွက်)က ပထမ၊ သန့်ဇင်ဦး(ပငကျေးရွာ)ကဒုတိယနှင့် ကောင်းစိုက်(ပငကျေးရွာ)တို့က တတိယရရှိပြီး ပြိုင်ပွဲဝင်လူငယ်များကို မြို့နယ်စက်ဘီးဆပ်ကော်မတီနာယက ဦးထွန်းခင်၊ ကော်မတီဥက္ကဋ္ဌဦးကံထွန်းနှင့် ကော်မတီဝင်များက ဆုများချီးမြှင့်ကြောင်းသိရသည်။
ကျော်ဝင်း(သံဖြူဇရပ်)

No comments:

Post a Comment