Tuesday, April 3, 2018

ထန်းသားဖြင့်ပြုလုပ်သော ပရိဘောဂများအား နိုင်ငံတကာ တင်ပို့နိုင်ရေး ဆောင်ရွက်နေ

No automatic alt text available.
ပခုက္ကူ ဧပြီ ၂
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ စက်မှုဇုန်ရှိ ထန်းပရိဘောဂနှင့် သစ်အချောထည်စက်ရုံမှ ထန်းသားဖြင့် ပြုလုပ်သော အဆင့်မြင့်ပရိ ဘောဂပစ္စည်းများကို ပြည်တွင်းနှင့် နိုင်ငံ တကာသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စိန်စိုးစံ ထန်းပရိဘောဂနှင့် သစ်အချော ထည်စက်ရုံမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်နိုင်သန်းက ''ပရိဘောဂလုပ်ဖို့ကုန်ကြမ်းတွေကို ပခုက္ကူခရိုင်အတွင်း ကျေးရွာတွေမှာရှိတဲ့ သက်တမ်း နှစ်(၅ဝ)အထက် ထန်းရည်ထွက်ရှိမှု မရှိတော့တဲ့ လေလွင့် ပျက်စီးနေတဲ့ ထန်းပင်တွေကို ဝယ်ယူပြီး ကုန်ကြမ်းအဖြစ် အသုံးပြုပါတယ်၊ ဒေသခံ ထန်းတောင်သူတွေအနေနဲ့လည်း ထန်းရည် ထုတ်လုပ်မှုမရနိုင်တဲ့ အပင်တွေ ကို ပြန်လည်ရောင်းချရတဲ့အတွက်အကျိုး အမြတ်လည်းရရှိကြပါတယ်''ဟုပြောပြသည်။ ထန်းလုံးကုန်ကြမ်းများကို ခေတ်မီစက်ကြီး များဖြင့် စတင်ခွဲစိတ်ရပြီး ခွဲစိတ်ပြီးထန်းသား များကို high speeds(ကာဘိုက်)သုံး လွှကြီးများဖြင့် အဆင့်ဆင့်ထပ်မံခွဲစိတ်ကာ ရရှိလာသောအပိုင်းများကို အလိုအလျောက် အပူထိန်းညှိပေးသော ဘွိုင်လာကြီးများဖြင့် ပေါင်းခံကြောင်း သိရသည်။
''ဘွိုင်လာကြီးတွေနဲ့ ၁၆ ရက်ကြာအောင် ပေါင်းရတယ်၊ ထန်းသစ်ရဲ့အစိုဓာတ်တွေကို ခြောက်သွေ့အောင် အဆင့်ဆင့်ပြုလုပ်ရတယ်၊ ခေတ်မီစက်ကြီးတွေနဲ့ အကြမ်းထည်ထိုးတယ်၊ ပြီးရင် ပါကေးထိုးတယ်၊ ဂျပန်နိုင်ငံထုတ် နှစ်မျိုးစပ်ကော်တွေနဲ့ ကပ်တယ်၊ အဆင့်ဆင့် လှီးဖြတ်ပြီး အသုံးပြုတယ်၊ဒီဇိုင်းတွေကို စက်ရုံ မှာပဲ ဒီဇိုင်းဆွဲတယ်၊ ထန်းသားနဲ့ လုပ်တာ ဆိုတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ဒီဇိုင်းတွေကိုပဲ ဦးစားပေးထုတ်လုပ်တယ်၊ နိုင်ငံတကာက လက်ခံနိုင်တဲ့ အရည်အသွေး ထိရောက်အောင်လည်း ကြိုးစားနေပါတယ်'' ဟု ဦးကျော်နိုင်သန်းက ရှင်းပြသည်။ ထန်းသား ဖြင့် ထုတ်လုပ်သော နဂါးဆက်တီ၊ ပန်းဆက်တီ၊ ကျောကော့ဆက်တီ၊ ပွတ်လုံးဆက်တီ၊ ပွတ်လုံး ကုလားထိုင်၊ သပိတ်၊ ကလပ်၊ ရေနွေးအိုး၊ ပန်းအိုး အစရှိသည့် လူအသုံးအဆောင် ပစ္စည်းများအပြင် ကျွန်းနှင့်ထန်း ရောထား သည့် တံခါးရွက်များကိုလည်း စက်ရုံမှ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ထန်းပရိဘောဂနှင့် သစ်အချော ထည် စက်ရုံမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ(MSMEs)မှ သတ်မှတ်သည့် အလတ်စားရင်းနှီမြှပ်နှံမှုအဆင့်ထက် ကျော် လွန်သော အဆင့်၌ရှိပြီး ဝန်ထမ်း ၁၃၅ ဦး
ခန့်ဖြင့် လုပ်ငန်းဆောင်ရွက်လုပ်ကိုင်နေ သည့်အတွက် ဒေသခံများမှာလည်း အလုပ် အကိုင် အခွင့်အလမ်းများရရှိကြောင်း သိရ သည်။
မေသူလွင်(မကွေး-ကိုယ်ပွား)

No comments:

Post a Comment