Sunday, April 29, 2018

ပုဇွန်တောင်မြို့နယ် Community Centre သို့ မြို့နယ်စာရေးဆရာအသင်းက မိတ္တူကူးစက်တစ်လုံး လှူဒါန်း

Image may contain: 7 people, people smiling, people standing, people sitting and indoor
ရန်ကုန် ဧပြီ ၂၈
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရုံး၏ Community Centre(လူထုအခြေပြုဗဟိုဌာန)လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး မြို့နယ်စာရေးဆရာ အသင်းက မိတ္တူကူးစက် လှူဒါန်းပွဲကို ယနေ့တွင် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
လှူဒါန်းပွဲ အခမ်းအနားတွင် မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညီညီအောင်က မိတ္တူကူးစက် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် စာရေးဆရာအသင်းက Brother MFC-L2700 အမျိုးအစား မိတ္တူကူးစက်တစ်လုံး ပေးအပ် လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment