Sunday, April 29, 2018

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် လုပ်ငန်းလမ်းညွှန်မှာကြား

Image may contain: 2 people, people sitting and indoor
ပဲခူး ဧပြီ ၂၈
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင် မောင်ရွှေနှင့် ပဲခူးတိုင်းဒေသကြီး တရားရေး ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးခန်းမ၌ ပြုလုပ်သည်။
ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက နိုင်ငံတော်သမ္မတ၏ အခြေပြုမိန့်ခွန်းတွင် ပါရှိသော တရားစီရင်ရေးမဏ္ဍိုင်နှင့်စပ်လျဉ်း၍ ပြုပြင်ရမည့်ကိစ္စရပ်များ၊ တရားရုံးအဆင့်ဆင့်၏ တာဝန်ယူရမည့်ကိစ္စရပ်များ၊ တရားစီရင်ရေးနှင့် တရားရုံးလုပ်ငန်းများ၊ နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှု မရှိစေရေး၊ သက်သေခံပစ္စည်းများ စီမံ ခန့်ခွဲရေး၊ မှုခင်းဆောင်ရွက်ရာတွင် မကြန့် ကြာစေရေးနှင့် သက်ဆိုင်ရာတရားသူကြီးများက တစ်ဦးချင်းအလိုက် စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးမောင်မောင်ရွှေက တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို အဆင့်ဆင့် ဆက်စပ်အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ကြရန် ၂ဝ၁၈-၂ဝ၂၂ တရားစီရင်ရေး မဟာဗျူဟာ အောင်မြင်ရေးကို ဝိုင်းဝန်းဆောင်ရွက်သွားရန် ထည့်သွင်းမှာကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးမြို့နယ် ၂၈ မြို့နယ်မှ တရားရေးဝန်ထမ်းများ စုံလင်စွာ တက်ရောက်ကြကြောင်း သိရသည်။
၁၄၂

No comments:

Post a Comment