Sunday, April 29, 2018

ကာမိုင်းမြို့တွင် လူမရှိဘဲ ဖယောင်းတိုင်မီးထွန်းထားရာမှ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား

Image may contain: one or more people, people standing, night, sky and outdoor
ကာမိုင်း ဧပြီ ၂၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့တွင် ဧပြီ ၂၇ရက် ည၇နာရီခွဲက လူမရှိဘဲ ဖယောင်းတိုင်မီးထွန်းထားရာမှ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကာမိုင်းမြို့ မြို့မရပ်ကွက်ရှိ ဦးဂျာခွန် တူး အသက်(၈ဝ)သည် နေအိမ်တွင် လျှပ်စစ်မီးပြတ် တောက်နေသဖြင့် ဖယောင်းတိုင်မီး ထွန်းညှိထားကာ အိမ်အပြင်ဘက်သို့ ခဏထွက်သွားစဉ် ဖယောင်းတိုင် မီးမှာ ကြမ်းပြင်ပေါ်သို့လဲကျပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ ကာမိုင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဝင်းညွန့်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၈ နာရီ မိနစ် ၅ဝတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အိမ်ရှင်ဦးဂျာခွန်တူး၏အိမ်တစ်လုံး၊ အိမ်ငှား ဦးမြင့်ဝေ၏အိမ်တစ်လုံး စုစုပေါင်း လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာ သုံးစွဲသူ ဦးဂျာခွန်တူးအား ကာမိုင်းမြို့မ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် (ကချင်မြေ)

No comments:

Post a Comment