Sunday, April 29, 2018

ပြုံယမ်းနျူကလီးယားလက်နက် အပြီးတိုင်စွန့်လွှတ်နိုင်ရေး အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည်

Image may contain: 2 people, people smiling, people standing and suit
ဆိုးလ် ဧပြီ ၂၈
မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စွန့်လွှတ် နိုင်ရေးကိစ္စရပ်များကို အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များက အဓိကထားဆွေးနွေးကြမည်ဖြစ်ကြောင်း ယနေ့ အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
တောင်ကိုရီးယားသမ္မတ မွန်းဂျယ်အင်းနှင့် မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့သည် ဧပြီ ၂၇ ရက်က ပန်မန်ဂျုံ စစ်မဲ့ဇုန်တွင် သမိုင်းတွင်စေသည့် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသည် သုံးကြိမ်မြောက် ကိုရီးယားနှစ်နိုင်ငံထိပ်သီးအစည်းအဝေးဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ခေါင်းဆောင်နှစ်ဦးက ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက် ကင်းစင်ပပျောက်စေရေးအတွက် ရည်ရွယ်သည့် ပန်မန်ဂျုံ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် ယင်းကြေညာချက်တွင် ပြုံယမ်းအနေဖြင့် နျူကလီးယားလက်နက်ကို မည်သည့်အချိန်တွင် ဘယ်ပုံ ဘယ်နည်းဖြင့် စွန့်လွှတ်မလဲဆိုသည့်အချက်အလက်များ မပါရှိသေးပေ။
နှစ်နိုင်ငံခေါင်းဆောင်များက ကိုရီးယားစစ်ပွဲအပြီး တိုင် အဆုံးသတ်ရေးအတွက်ကိုသာ သဘောတူညီခဲ့ကြ သည်။ ယခုနှစ်သည် ကိုရီးယားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၆၅ နှစ်ပြည့်သည့်နှစ် ဖြစ်သည်။
ပြုံယမ်းနျူကလီးယားအရေး အပြီးတိုင်အဆုံးသတ် ရေးအတွက် တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ သုံးပွင့်ဆိုင် (သို့မဟုတ်) တောင်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် တရုတ် နိုင်ငံတို့ လေးပွင့်ဆိုင် ဆွေးနွေးနိုင်ရန် ခေါင်းဆောင်နှစ်ဦးက ကြိုးပမ်းကြမည်ဖြစ်သည်။
ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ လက်မှတ် ရေးထိုးခဲ့သည့် ကြေညာချက်တွင် ကိုရီးယားကျွန်းဆွယ် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် ခိုင်မာ သည့် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
နှစ်နိုင်ငံဆက်ဆံရေးအရာရှိရုံးကို မြောက်ကိုရီးယား အနောက်တောင်ဘက်ရှိ ကေဆောင်မြို့တွင် ဖွင့်လှစ် ထားရှိမည်ဖြစ်သည်။
ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာသွားသော မိသားစု များ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နှစ်နိုင်ငံ ကြက်ခြေနီအဖွဲ့ဝင် တာဝန်ရှိသူများက ဆွေးနွေးသွားမည် ဖြစ်သည်။
မေလတွင် သမ္မတမွန်းဂျယ်အင်းက အမေရိကန်နိုင်ငံ သို့ သွားရောက်ကာ ပန်မန်ဂျုံစစ်မဲ့ဇုန်တွင် ကျင်းပခဲ့သည့် ကိုရီးယားနှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲနှင့်ပတ်သက် ပြီး သမ္မတထရန့်အား ဆွေးနွေးပြောကြားမည်ဖြစ် သည်။
သမ္မတထရန့်နှင့် သမ္မတမွန်းတို့သည် အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးပွဲနှင့်ပတ်သက် ပြီး အမြင်ချင်းဖလှယ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်ကောင်း မွန်လာစေရန် ပေါင်းကူးပေးမည်ဖြစ်ကြောင်း သိရ သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment