Sunday, April 29, 2018

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှစီးနင်းတိုက်ခိုက် ဟူသီသူပုန်တပ်မှူးနှစ်ဦးထက်မနည်း အပါအဝင် ဒါဇင်များစွာသေဆုံး

Image may contain: 1 person, outdoor
ရီယာ့ဒ် ဧပြီ ၂၈
ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်သည့် စစ်ဘက်ညွန့် ပေါင်းတပ်ဖွဲ့က ယီမင်နိုင်ငံ မြို့တော်ဆာနားတွင် ဧပြီ ၂၇ ရက် ညနေပိုင်းက လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု တစ်ရပ်ပြုလုပ်ခဲ့ရာ ဟူသီသူပုန်အဖွဲ့မှ တပ်မှူးနှစ်ဦး ထက်မနည်းအပါအဝင် သူပုန်ဦးရေဒါဇင်များစွာ သေဆုံးခဲ့ ကြောင်း ဆော်ဒီရုပ်မြင်သံကြားဌာနမှ ဧပြီ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ဆော်ဒီအစိုးရပိုင် အယ်လ်အက်ခ်ဘာရီးယားရုပ်မြင် သံကြားလိုင်းမှ ထုတ်လွှင့်သည့် သတင်းတွင် ဧပြီ ၂၇ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည့် ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းစီးနင်းတိုက်ခိုက်မှုကြောင့် ဟူသီသူပုန်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၅ဝ ကျော်သေဆုံးပြီး အထက်တန်းသူပုန် တပ်မှူးနှစ်ဦး ပါဝင်ကြောင်းဖော်ပြပြီး အခြားသတင်း အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ယီမင်နိုင်ငံ မြို့တော်ဆာနားရှိ ဟူသီသူပုန်တို့၏ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အအုံအား လေကြောင်း မှ တိုက်ခိုက်ခဲ့ရာ ဟူသီသူပုန် ၃၈ ဦးသေဆုံးကြောင်း အဆိုပါရုပ်မြင်သံကြားသတင်း၌ ဖော်ပြသည်။
မြို့တော်ဆာနားအား ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းလေတပ်မှ စီးနင်းတိုက်ခိုက်ကြောင်း ဟူသီ သူပုန်အဖွဲ့က အတည်ပြုပြောကြားသော်လည်း အသေးစိတ် ထုတ်ပြန်မှုပြုလုပ်ခဲ့ခြင်းမရှိပေ။
လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းက ဆော်ဒီ အာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းလေတပ်ဖွဲ့က စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော ဟူသီ သူပုန်အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ ဆာလာ အယ်လ်ဆာမတ်၏ ဈာပနအခမ်းအနား ကျင်းပပြီး နာရီအနည်းငယ်အကြာတွင် ညွန့်ပေါင်းလေတပ်က စီးနင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် မိုက်မွန်ပီယိုအား ခန့်အပ်အပြီး ¤င်းအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်သို့ လာရောက်၍ ယီမင် နိုင်ငံတွင် ဖြစ်ပွားနေသည့်လက်နက်ကိုင်တိုက်ခိုက်မှုများအပါအဝင် အခြားအရေးအရာများအား တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ရန် စီစဉ်ထားစဉ်အတွင်း ယင်းသို့ လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံမှ အားပေးထောက်ခံသည့် ဟူသီသူပုန်များ သည် ဆော်ဒီအာရေဗျဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့ များ၏ စစ်ရေးအရ တိုက်ခိုက်မှုအတွင်း ပိတ်မိနေသည်။ နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် ယီမင်အစိုးရအဖွဲ့ အာဏာပြန်လည်ရရှိရေးအတွက် ၂ဝ၁၅ ခုနှစ် ကတည်းက စ၍ ဆော်ဒီအာရေဗျဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ဟူသီသူပုန်တို့အား တိုက်ခိုက်ခဲ့သည်။
ဟူသီသူပုန်များက ထိန်းချုပ်ထားသည့် ယီမင်နိုင်ငံ မြို့တော်ဆာနားအပါအဝင် နိုင်ငံမြောက်ဘက်ပိုင်း နယ်မြေဒေသများသည် ဆော်ဒီအာရေဗျနိုင်ငံနှင့် နယ်နိ မိတ်ချင်းထိစပ်လျက်ရှိသည်။
ယီမင်နိုင်ငံတွင်း၌ ဖြစ်ပွားသည့် လက်နက်ကိုင်တိုက် ခိုက်မှုများအတွင်းသို့ ဆော်ဒီအာရေဗျဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က စစ်ရေးအရ ပါဝင်ပတ်သက်လာစဉ် ကတည်းက လက်ရှိအချိန်အထိ လူပေါင်း ၁ဝဝဝဝ နီးပါး သေဆုံးခဲ့ရပြီးဖြစ်သည်။
ယီမင်နိုင်ငံသည် လက်ရှိအခြေအနေတွင် ငတ်မွတ် ခေါင်းပါးမှုဘေး၏ ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိနေ သည်။
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဆော်ဒီ အာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ယီမင်နိုင်ငံရှိ ပင်လယ်ဆိပ်ကမ်းအား အလုံးစုံဝန်းရံပိတ်ဆို့မှုပြုလုပ်ခဲ့ ပြီးနောက် ဟူသီသူပုန်များက ဆော်ဒီအာရေဗျနိုင်ငံအား နယ်ခြားဖြတ်ကျော်၍ ဒုံးကျည်ပစ်ခတ်မှုများပြုလုပ်ကာ လက်တုံ့ပြန်ခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment