Wednesday, April 4, 2018

နေပြည်တော်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်း၊ ဓာတ်တိုင်လဲပြိုကျမှုများကို ပြုပြင်ဆောင်ရွက်နေမှုများအား ဒုတိယဝန်ကြီး လှည့်လည်ကြည့်ရှု

Image may contain: one or more people, sky, tree and outdoor
နေပြည်တော် ဧပြီ ၃
နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များ၌ မတ် ၃၁ ရက် ညနေ ၅ နာရီ မိနစ် ၄ဝ ခန့်တွင် လေပြင်းများ ရုတ်တရက်တိုက်ခတ်မှုနှင့် အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များ လဲကျခြင်း၊ ဓာတ်တိုင်အချို့ လဲကျခြင်းများဖြစ်ပေါ်၍ ပြည်ထောင်စုနယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးထား သော ၃၃ ကေဗွီ အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၆)၊ အမှတ်(၈) ဓာတ်အားခွဲရုံနှင့် ပျဉ်းမနားမြို့နယ်ရှိ ခွဲရုံများ၏ ၃၃ ကေဗွီ နှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဓာတ်အားလိုင်းများအပေါ် သစ်ပင်လဲကျမှု များ၊ ဓာတ်တိုင်များလဲကျမှုများ ဖြစ်ပေါ်ခဲ့၍ ဓာတ်အား ပြတ်တောက်ခဲ့သည့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် ၁ဝဝဝ အတွင်း ဓာတ်အားပြန်လည်ရရှိမှု အခြေအနေများ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပညာသိဒ္ဓိ ရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဥာဏသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက် စသည့်နေရာ များတွင် ဓာတ်တိုင်များအစားထိုးခြင်း၊ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအပေါ် သစ်ပင် ကျိုးကျမှုများအား ရှင်းလင်းခြင်းနှင့် လျှပ်စစ်ဓာတ်အား အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ပြင်ဆင်ဆောင်ရွက် နေမှုများအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်သည် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment