Wednesday, April 4, 2018

ပုဇွန်တောင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့်သစ်ကိုင်းများ ကျိုးပဲ့၊ မော်တော်ယာဉ်များပေါ်ပိ

Image may contain: car and outdoor
ပုဇွန်တောင် ဧပြီ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်အတွင်း ဧပြီ ၃ ရက် ညနေ ၃ နာရီခွဲခန့်က လေပြင်းများ ရုတ်တရက် တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်အချို့တွင် သစ်ပင်၊ သစ်ကိုင်းများ လဲကျခဲ့ကြောင်း သိရသည်။
''ညနေ ၃ နာရီ ကျော်လောက်က မိုးစတင်ရွာတယ်၊ ဒီနောက်မှာ လေပါတအား ပြင်းလာပြီး သစ်ကိုင်းတွေ ကျိုးတယ်၊ (၉)ရပ်ကွက် ဇီဇဝါလမ်းနှင့် ရေကျော်လမ်း ထောင့်မှာ သစ်ပင်ကျိုးကျပြီး ကားလေးစီး ပိနေတယ်၊ အနော်ရထာလမ်းနဲ့ (၅၁) လမ်းထိပ်ဘက်မှာလည်း တချို့ဆိုင်တွေက ဆိုင်းဘုတ်တွေ ပျက်စီးတယ်လို့ သိရ တယ်၊ တချို့နေရာတွေမှာလည်း လျှပ်စစ်ကြိုးတွေပေါ် သစ်ကိုင်းတွေ ပိနေတာကို တွေ့ရတယ်၊ ရေကျော် လမ်းပေါ် တစ်နေရာမှာ ရှစ်ပေစလောင်းကြီး တစ်ချပ် လမ်းပေါ်အထိ လွင့်ကျနေတာကို တွေ့ရပါတယ်၊ ရေကျော်နားက သံလမ်းပေါ်မှာလည်း သစ်ကိုင်းတွေ ကျိုးကျနေတယ်၊ လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ် လာတဲ့ သစ်ကိုင်းအကျိုးအပဲ့တွေနဲ့ အပျက်အစီးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေက အချိန်နဲ့ တစ်ပြေးညီ လိုက်လံရှင်းလင်း ဖယ်ရှားနေတာကိုလည်း တွေ့မြင်ရပါတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန် အသေအပျောက်မရှိကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment