Wednesday, April 4, 2018

ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ် လေပြင်းများတိုက်ခတ်

Image may contain: one or more people and outdoor
ရန်ကုန် ဧပြီ ၃
ရန်ကုန်မြို့တွင် ယနေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ လေပြင်းများ တိုက် ခတ်ခြင်းကြောင့် မြို့နယ်အချို့တွင် သစ်ပင်၊ သစ်ကိုင်း များ ကျိုးပဲ့ခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။
''ဒီနေ့ ရွာချလိုက်တဲ့မိုးက လေရော၊ မိုးရော ကြမ်းတယ်၊ မိုးကြိုးတွေလည်းပစ်တယ်၊ တကယ့်ကို ရုတ်တရက်ကြီး ထင်ကိုမထားမိတာ''ဟု ပုဇွန်တောင် မြို့နယ်တွင် နေထိုင်သူ ဦးခင်မောင်သန်းက ပြောသည်။
ယနေ့ ရန်ကုန်တွင် ရွာသွန်းခဲ့သည့် မိုးသည် လေထု မငြိမ်မသက်ဖြစ်ရာမှ ဖြစ်ပေါ်လာသည့် မိုးတိမ်တောင် များကြောင့် ရွာသွန်းသည့်မိုးဖြစ်ကြောင်း ဒေါက်တာ ထွန်းလွင်က သုံးသပ်ပြောကြားသည်။
''အခုရွာနေတဲ့မိုးက မုတ်သုံမိုးမဟုတ်ဘူး၊ ပျံကျမိုးပေါ့၊ မိုးတိမ်တောင်တွေကြောင့်ဖြစ်တာ၊ အခုကနေ မေလအထိ ရွာနိုင်တယ်၊ ဒီနှစ်က မိုးကောင်းတဲ့နှစ် ဖြစ်မယ်၊ အပူချိန် လျော့မယ်''ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
¤င်းက ဆက်လက်၍ ''မိုးတိမ်တောင်က ကချင်နဲ့ စစ်ကိုင်းကလွဲရင် တစ်ပြည်လုံးဖြစ်နိုင်တယ်၊ မိုးတိမ် တောင်ဖြစ်ရင် မိုးသီးကြွေတာ၊ လေပြင်းတိုက်တာ၊ မိုးကြိုး ပစ်တာ၊ မိုးရွာတာ ဒီလေးခုကတော့ အနည်းဆုံးဖြစ်မယ်'' ဟု ပြောသည်။ ယခု ဖြစ်ပေါ်နေသော မိုးတိမ်တောင် များကြောင့် လက်ရှိအခြေအနေတွင် မုန်တိုင်းကျရောက်မှု အန္တရာယ် မရှိနိုင်သေးကြောင်း၊ လယ်သမားများအနေ ဖြင့် မိုးကြိုးအန္တရာယ် သတိထားရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
ထို့ပြင် ဒေါက်တာထွန်းလွင်က ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် နောက်နှစ်ရက်အတွင်း နေရာကျဲကျဲမှ နေရာ စိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ခန့်မှန်းပြောကြားထားသည်။
သတင်း-သီသီမင်း၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment