Monday, April 30, 2018

လူရည်ချွန်ကျောင်းသား ကျောင်းသူများ ပုဂံလူရည်ချွန် အပန်းဖြေစခန်းသို့ ရောက်ရှိ

Image may contain: 1 person, outdoor
ပုဂံ ဧပြီ ၂၉
၂ဝ၁၈ ခုနှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ချမ်းအေးသာစံမြို့နယ် အထက(၁၄)မှ ယနေ့ နံနက် ၇ နာရီက စတင်ထွက်ခွာလာရာ ပုဂံလူရည်ချွန်စခန်းဖြစ်သည့် ပုဂံမြို့ရှိ မြနန်းဘုံRoyal Emerald River View Resort ဟိုတယ်သို့ ညနေ ၄ နာရီတွင် ရောက်ရှိကြသည်။
ပုဂံလူရည်ချွန်စခန်းသို့ သွားရောက်ကြမည့် ဘက်စုံ ပညာထူးချွန်လူငယ်များသည် ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် အထက(၁၄)မှ စတင်ထွက်ခွာပြီး မန္တလေးမြို့ပေါ်ရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီးအား လှည့်လည်လေ့လာကြသည်။ ထို့နောက် မဟာမြတ်မုနိ ဘုရားကြီးသို့ ရောက်ရှိဖူးမြော်ကြပြီး ၂ဝ၁၈ ခုနှစ် ဘက်စုံ ပညာထူးချွန် လူငယ်(ပုဂံလူရည်ချွန်စခန်း)မှ ကျောင်းသား ကျောင်းသူများ စုပေါင်းလှူဒါန်းသော အလှူငွေကျပ် ကိုးသိန်းကို ပုဂံလူရည်ချွန် စခန်းတာဝန်ခံ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်စန်းစန်းရီနှင့် တာဝန်ရှိသူများက ပေးအပ် လှူဒါန်းရာ မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့က လက်ခံရယူသည်။
ယင်းနောက် နံနက် ၉ နာရီခွဲတွင် ပုဂံလူရည်ချွန်စခန်း သို့ ထွက်ခွာလာကြရာ ယနေ့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိကြပြီး ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့် နှင့် တာဝန်ရှိသူများ၊ ကင်းထောက်လူငယ် မောင်မယ်များ၊ ဆရာ ဆရာမက ကြိုဆိုကြသည်။
သတင်း-ဇင်ဦး(မြန်မာ့အလင်း) ဓာတ်ပုံ- သီဟစည်သူ

No comments:

Post a Comment