Monday, April 30, 2018

ဂျပန်ဝန်ကြီးချုပ်၏ အရှေ့အလယ်ပိုင်းခရီးစဉ်စတင်

Image may contain: 3 people, people smiling, people standing and suit
တိုကျို ဧပြီ ၂၉
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ငါးရက်ကြာအရှေ့အလယ်ပိုင်းဒေသခရီးစဉ်ကို ဧပြီ ၂၉ ရက်တွင် စတင်လိုက်ပြီဖြစ် ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အမေရိကန်က ပြီးခဲ့သည့်ဒီဇင်ဘာလတွင် အသိအမှတ်ပြုခဲ့ပြီး နောက်ပိုင်း နိုင်ငံကြီးတစ်နိုင်ငံ၏ခေါင်းဆောင်တစ်ဦးအနေဖြင့် အစ္စရေးနိုင်ငံကိုရော ပါလက်စတိုင်းကိုပါ တစ်ဆက်တည်း သွားရောက်မည့် ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
ဧပြီ ၂၉ ရက်တွင် တိုကျိုမြို့တော်မှ စတင်ထွက်ခွာခဲ့သော ဂျပန်ဝန်ကြီးချုပ်သည် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ ပထမဆုံးသွားရောက်မည်ဖြစ်သည်။ ဆီးရီးယားပြည်တွင်းစစ်နှင့် ဒုက္ခသည်ကိစ္စများပြဿနာတွင် လည်းကောင်း၊ အရှေ့အလယ်ပိုင်းဒေသပြဿနာတွင်လည်းကောင်း ပါဝင်ဖြေရှင်းနိုင်ရန် ဂျပန်က ကြိုးပမ်းကူညီလာခဲ့ ကြောင်း သတင်းထောက်များအား အာဘေးက ပြောကြားသည်။
အရှေ့အလယ်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုအတွက် အထောက်အကူပြုနိုင်ရန် မိမိအနေဖြင့် အပြန် အလှန် ယုံကြည်မှုတည်ဆောက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း အာဘေးက ပြောကြားသည်။
အစ္စရေးနှင့် ပါလက်စတိုင်းတို့နှစ်ဖက်စလုံးကို အပြုသဘောဆောင်သော နည်းလမ်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်ကြရန် တိုက်တွန်းမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။ အာဘေး သည် အာရပ်စော်ဘွားများပြည်ထောင်စုခရီးစဉ်ပြီးလျှင် ဂျော်ဒန်နိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment