Monday, April 30, 2018

ငြိမ်းချမ်းရေးရဲတပ်ဖွဲ့ယူနစ်အရေအတွက်၏ ထက်ဝက်ကို လျှော့ချရန် ဘရာဇီးအစိုးရ ဆုံးဖြတ်

Image may contain: 8 people, people smiling, people standing
ရီယိုဒီဂျနေးရိုး ဧပြီ ၂၉
ဘရာဇီးနိုင်ငံ၌ ''ငြိမ်းချမ်းရေးရဲတပ်ဖွဲ့''ယူနစ်အရေအတွက်၏ ထက်ဝက်ကိုပိတ်သိမ်းရန် အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ကျူးကျော်ရပ်ကွက်များနှင့် ပျံကျရပ်ကွက်များ၌ တည်ငြိမ်အေးချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးမှောင်ခိုများကို ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့သော ငြိမ်းချမ်းမှုတည်ဆောက်ရေး ရဲတပ်ဖွဲ့၏ တပ်ဖွဲ့ယူနစ်များအနက် ထက်ဝက်ကို ဖျက်သိမ်းသွားရန် အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အစိုးရအဖွဲ့၏ ဧပြီ ၂၇ ရက်နှောင်းပိုင်း ဆုံးဖြတ်ချက် အရ ငြိမ်းချမ်းမှုတည်ဆောက်ရေးရဲတပ်ဖွဲ့ ယူနစ် ၃၈ ခု အနက် ၁၂ ခုကို ပိတ်သိမ်းမည်ဖြစ်ပြီး ယူနစ်ခုနစ်ခုကို တည်ရှိဆဲ ရဲလုပ်ငန်းများတွင် ပေါင်းစပ်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီး ရာအူးလ်ဇွန်မန်းက ပြောကြားသည်။
ငြိမ်းချမ်းမှုတည်ဆောက်ရေးရဲတပ်ဖွဲ့ကို မိမိတို့ ပိတ်သိမ်းလိုခြင်းမရှိကြောင်း၊ သို့ရာတွင် ယင်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်များ ပေါက်မြောက်မှုမရှိသည်ကို တွေ့မြင် လာရကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေးရဲတပ်ဖွဲ့၏ ယူနစ် ထက်ဝက်ကို ပြန်လည်ဖျက်သိမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ငြိမ်းချမ်းမှုတည်ဆောက်ရေး ရဲတပ်ဖွဲ့ကို ၂ဝဝ၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ ရီယိုဒီဂျနေးရိုးမြို့ရှိ ပျံကျရပ်ကွက်များ၌ မူးယစ်ဆေးဝါးရောင်းဝယ်သူများ အကြီးအကျယ်လှုပ်ရှားမှုရှိသဖြင့် မူးယစ်ဆေးဝါးပပျောက် ရေးစစ်ဆင်ရေးများကို မြေပြင်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အဆိုပါရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမကျင်းပမီ ကာလတွင် လည်းကောင်း၊ ၂ဝ၁၆ ခုနှစ် နွေရာသီအိုလံပစ် ပွဲတော် မကျင်းပမီကာလတွင်လည်းကောင်း ရီယိုဒီဂျနေးရိုး မြို့၌ တရားဥပဒေစိုးမိုးမှုရှိစေရန် ရဲတပ်ဖွဲ့က ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
ငြိမ်းချမ်းမှု တည်ဆောက်ရေးရဲတပ်ဖွဲ့မှာ ဒေသန္တရ ရဲတပ်ဖွဲ့အမျိုးအစားဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော ပြဿနာများကို ကိုင်တွယ်ဆောင်ရွက်ရေးပြုလုပ်နိုင်ရန် အထူးလေ့ကျင့် ထားသော တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းကာ ပျံကျရပ်ကွက် များအတွင်း ကင်းလှည့်စောင့်ကြပ်ပေးခဲ့ကြသည်။ သို့ရာ တွင် ယင်းရဲတပ်ဖွဲ့၏တပ်ဖွဲ့ဝင်များကိုယ်တိုင် အကျင့်ပျက် ခြစားခြင်း၊ တရားဥပဒေအရ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ မိမိဆန္ဒအရ တစ်ဖက်သတ်ဆုံးဖြတ်လုပ်ကိုင်ခြင်းတို့ ရှိလာကာ ရဲတပ်ဖွဲ့၏ဂုဏ်သတင်းကျဆင်းခဲ့ရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment