Monday, April 30, 2018

ခြေလှမ်း တစ်သောင်းလမ်းလျှောက်ပွဲ မန္တလေးကျုံးပတ်လမ်းတွင် ကျင်းပ ပြည်သူများ တပျော်တပါး ပါဝင်ဆင်နွှဲ

Image may contain: 3 people, people smiling, people standing and outdoor=============

ချမ်းအေးသာစံ ဧပြီ ၂၉
ခြေလှမ်းတစ်သောင်း လမ်းလျှောက်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှGrliga Muscular Balmက ဦးဆောင်၍ ဧပြီ ၂၈ ရက် နံနက် ၅ နာရီတွင် မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် ၂၆လမ်း၊ ၇ဝနှင့် ၇၁ လမ်း ကြား၊မန္တလေး မြို့တော်စည်ပင်သာယာ ရေးကော်မတီရုံးရှေ့မှ တာလွှတ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက် အားပေးကာ တာလွတ်ပေးပြီး ပြည်သူများ နှင့် အတူ စုပေါင်းလမ်းလျှောက်ခဲ့သည်။
ခြေလှမ်းတစ်သောင်း လမ်းလျှောက်ပွဲ သည် အခြားသူများနှင့် ယှဉ်ပြိုင်ရခြင်းမျိုး မဟုတ်ဘဲ မိမိကိုယ်ကိုမိမိစိန်ခေါ်ရမည့်ပွဲဖြစ်ကြောင်း၊ လမ်းလျှောက်ပွဲများကို ဧပြီ ၂၈ ရက်၊ မေ ၂၆ ရက်၊ ဇွန်၂၃ ရက် တို့တွင် ကျင်းပမည်ဖြစ်ပြီး သုံးကြိမ်လုံး မပျက်မကွက်ပါဝင်မည်ဟု စိတ်ပိုင်းဖြတ် ကာသတ်မှတ်ထားသည့်အချိန် ၂ နာရီ အတွင်း ခြေလှမ်းတစ်သောင်း မပြည့်ပြည့် အောင် လမ်းလျှောက်မည်ဟု မိမိကိုယ် မိမိ စိန်ခေါ်နိုင်သူများ ပါဝင်ဆင်နွဲကြ သည်။
လမ်းအစောဆုံးခြေလှမ်းတစ်သောင်း ပြည့်မီ ပန်းဝင်လာသူအယောက် ၈ဝဝ အား အမှတ်တရဆွဲပြား ပေးအပ်သည်။ လမ်းလျှောက်သည့် ကျုံးပတ်လမ်းကြောင်း တစ်လျှောက်တွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုနေရာများ၊ ရေ၊ ဓာတ်ဆားနှင့် ဆေးဝါးများထားရှိပေးပြီး ပန်းဝင်ခြေလှမ်း တစ်သောင်းပြည့်သည့် နေရာတွင် နံနက်စာကျွေးမွေးသည်။
သက်ရှည်ကျန်းမာရေး စုပေါင်းလမ်း လျှောက်ပွဲတွင် မန္တလေးတောင်တက်အဖွဲ့၊ ကျုံးပတ်လည်လမ်းလျှောက်အဖွဲ့နှင့်ပညာ ရေးကောလိပ်သင်တန်းသားသင်တန်းသူ များ၊ အားကစားလိုက်စားသူ ပြည်သူ ၂ဝဝဝ ကျော် တပျော်တပါး ပါဝင်ဆင်နွှဲ ကြကြောင်း သိရသည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment