Monday, April 30, 2018

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်း လောင်း ပူဇော်ပွဲကျင်းပ

Image may contain: 1 person, crowd, tree and outdoor
ပဲခူး ဧပြီ ၂၉
မြတ်စွာဘုရားပွင့်တော်မူသော မဟာ ဗောဓိပင်ကိုရည်မှန်း၍ (၁၃၈ဝ ပြည့် နှစ် ကဆုန်လပြည့်နေ့) ဧပြီ ၂၉ ရက် နံနက် ၇ နာရီခွဲက ပဲခူးမြို့ ဆုတောင်း ပြည့် ရွှေမော်ဓောစေတီတော်မြတ် ကြီး၏ အရှေ့ဘက်မုခ်ရှိဗောဓိညောင် ပင်တွင် (၆၈) ကြိမ်မြောက် ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ပွဲ အခမ်းအနားကျင်းပသည်။
ရှေးဦးစွာ မဟာဗောဓိပင် ဘုရား ရှိခိုးရွတ်ဆို၍ မဟာဗောဓိပင်ကိုရှိခိုး ပူဇော်ကြပြီး ပတျာဝတ္တဂါထာရွတ်ဆို ကာ မဟာဗောဓိပင်ကို ပန်း၊ ရေချမ်း ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက် မဟာဗောဓိပင် ပတ်ပတ် လည်တွင် ပဲခူးတိုင်းဒေသကြီး စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ် ဒေါ်သန်း
သန်းဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး မှူးများ၊ ဌာနဆိုင်ရာ၊ ဂေါပကအဖွဲ့ များက ဒုက္ခပတ္တာစနိဒုက္ခာဂါထာ တော်ကို သုံးခေါက်ရွတ်ဆို မေတ္တာ ပို့သပြီး ညောင်ရေတော်များ သွန်းလောင်းကာ အမျှဝေသာဓု ခေါ်ဆိုကြသည်။
ထို့အတူ ပဲခူးမြို့ပေါ်ရှိ ဘုရား ပုထိုး စေတီများ၊ ဘုန်းတော်ကြီးကျောင်း အချို့တွင်လည်း ဂေါပကအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များက ကဆုန်လပြည့် ညောင်ရေသွန်း လောင်း ပူဇော်ပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment