Monday, April 30, 2018

နေအိမ် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

Image may contain: one or more people and outdoor
ပြည် ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွာဘဲနယ်မြေ သန္ဓေပင်ရပ်ကွက်တွင် ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးဆက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့ ရွာဘဲနယ်မြေ သန္ဓေပင်ရပ်ကွက်နေ ဒေါ်မြင့်မြင့် သန်း၏ ပေ(၃ဝx၃ဝ)သွပ်မိုး၊ ထရံကာ နေအိမ် မီးဖိုချောင်ရှိ မီးကြွင်း မီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်း ခဲ့ရာ ၎င်း၏နေအိမ်နှင့် အနီးနားရှိ ဒေါ်တင်ဦး၏ နေအိမ်သို့ ထပ်မံ ကူးစက် လောင်ကျွမ်းခဲ့ခြင်းကြောင့် နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ ကြောင်း ပြည်ခရိုင် မီးသတ်ဦးစီးဌာန မှ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်မြင်မြင့်သန်းအား ပြည်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
သူရအောင်(ပြည်)

No comments:

Post a Comment