Monday, April 30, 2018

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် မော်တော်ယာဉ်တစ်စီး ယာဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကမ်းပါးယံကို တိုက်မိတိမ်းမှောက်ရာ လူရှစ်ဦးဒဏ်ရာရ

Image may contain: one or more people and outdoor
မိတ္ထီလာ ဧပြီ ၂၉
မိတ္ထီလာမြို့နယ် သီးကုန်းရဲစခန်း အပိုင်း ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ဧပြီ ၂၈ ရက် ည ၇ နာရီ ၁၅ မိနစ်ကHIJET မော်တော်ယာဉ်တစ်စီး ယာဘက် ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကမ်းပါးယံကို တိုက်မိ တိမ်းမှောက်ရာ လူရှစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၃ဝ၅/၆)နှင့် (၃ဝ၅/၇)အကြား၌ မန္တလေးမှ နေပြည်တော်သို့ ယာဉ်မောင်း အောင်မြတ်မိုး(၃၅)နှစ် စိတ္တသရမဟီ ရပ်ကွက် ချမ်းအေးသာစံမြို့နယ်နေသူ မောင်းနှင်လာသော6G/---- HIJETမော်တော် ယာဉ်မှာ ယာဘက်ရှေ့ဘီး ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ကမ်းပါးယံကို တိုက်မိ၍ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ရှစ်ဦး ဒဏ်ရာရရှိ ခဲ့ကြသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ အောင်မြတ်မိုးအား သီးကုန်း အမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ) ၁၇/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment