Monday, April 30, 2018

ရီးယဲလ်မက်ဒရစ်အသင်းက လီဝန်ဒိုစကီးအား ခေါ်ယူရန် စိတ်မဝင်စားဟုဆို

Image may contain: 1 person, outdoor
စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်း က ပိုလန်တိုက်စစ်မှူး လီဝန်ဒိုစကီးအား ခေါ်ယူရန်စိတ်ဝင်စားမှုမရှိဟု ဘိုင်ယန်မြူးနစ် အသင်းက ယုံကြည်ထားကြောင်း ဂျာမနီမြေမှ လာသော သတင်းများအရ သိရသည်။
အသက် ၂၉ နှစ်အရွယ်ရှိ တိုက်စစ်မှူး လီဝန်ဒိုစကီးသည် ဘိုင်ယန်မြူးနစ်အသင်းတွင် လေးနှစ်ကြာ ပါဝင်ကစားပေးခဲ့ပြီးနောက် လာလီဂါ၏ ထိပ်တန်းအသင်းတစ်သင်းဖြစ် သည့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ကစားရန် ချိတ်ဆက်မှုများရှိခဲ့ကြောင်း သိရ သည်။
တိုက်စစ်မှူး လီဝန်ဒိုစကီးသည် ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုး ၃၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူ ဖြစ်သည်။ သို့ရာတွင် ပိုလန်ကြယ်ပွင့် လီဝန် ဒိုစကီး၏ လေ့ကျင့်ရေးကွင်းတွင် ပြုမူခဲ့သည့် ဖြစ်ရပ်ကို မေးခွန်းထုတ်ခဲ့ပြီး နည်းပြ ဂျက်ဟေးနက်စ်ကလည်း အဆိုပါကစားသမား ၏ အပြောင်းအရွှေ့သတင်းနှင့် ပတ်သက်ပြီး ငြင်းဆိုထားကြောင်းလည်း သိရသည်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒိုစကီးသည် ချန်ပီယံလိဂ်ပွဲစဉ် ၁ဝ ပွဲတွင် သွင်းဂိုးငါးဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းက လီဝန် ဒိုစကီးကို ခေါ်ယူမည်ဟု သတင်းများထွက်ပေါ် ခဲ့သော်လည်း လက်ရှိတွင်မူ လီဗာပူး တိုက်စစ်မှူး မိုဟာမက်ဆာလက်ကိုခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိပြီး မိုဟာမက်ဆာလက်ကို ခေါ်ယူနိုင်ရေးအတွက် လူကက်ဗက်စကွက် ကိုပါ အလိုက်ပေးခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။
ငွေကြယ်

No comments:

Post a Comment