Monday, April 30, 2018

မြန်မာ ယူ- ၁၆ အမျိုးသမီးအသင်း အင်ဒိုနီးရှားသို့ ထွက်ခွာ

Image may contain: 2 people
ရန်ကုန် ဧပြီ ၂၉
မြန်မာ ယူ- ၁၆ အမျိုးသမီးအသင်းသည် ၂ဝ၁၈ အာဆီယံ ယူ- ၁၆ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင် ရန် ယနေ့နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်မြို့သို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ အမျိုးသမီးဘောလုံး ကော်မတီအတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ ယူ- ၁၆ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ- ဒေါက်တာ အောင်ကျော်ဦး၊ နည်းပြချုပ်- ဒေါ်စန်းစန်းသိန်း၊ နည်းစနစ်အကြံပေး- ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ-ဒေါ်နွယ်နွယ်တိုး၊ ဂိုးနည်းပြ- ဒေါ်မေခင်ယမင်း၊ ဂိုး- ပိုးဥ၊ စိမ်းလဲ့လဲ့ဦး၊ ခင်မြတ်နိုး၊ နောက်တန်း-မေသက်မွန်မြင့်၊ ပိုးပိုးဇင်ဇော်၊ မိုးစက်ခ၊ ဝင်းဝင်းလဲ့၊ နော်လာအိဝါ၊ ခိုင်သဇင်ဦး၊ အလယ်တန်း-ပုံ့ပုံ့ပြည့်မောင်၊ ဇင်မာထွေး၊ ဝေဖူးအိမ်၊ ဖြူဖြူဝင်း၊ မေသွေးကို၊ မေသူခိုင်၊ ကေကေ၊ ဝင်းဝင်း၊ ဆောင်းနှင်းဖွေး၊ ရှေ့တန်း- မြတ်နိုးခင်၊ ဆွေမာအောင်၊ ဆုပြည့်ပြည့်ကျော်၊ ဂျုလိုင်ချာ၊ ထက်ထက်ဝင်းတို့ လိုက်ပါသွားသည်။ မြန်မာအမျိုးသမီးအသင်းယှဉ်ပြိုင်မည့် အာဆီယံ ယူ- ၁၆ အမျိုးသမီးပြိုင်ပွဲတွင် အသင်းကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က) တွင် ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ အုပ်စု(ခ)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်နေသည်။ မြန်မာ ယူ- ၁၆ အမျိုးသမီးအသင်းသည် အုပ်စုပွဲများအဖြစ် မေ ၁ ရက်တွင် ဗီယက်နမ်၊ မေ ၅ ရက်တွင် မလေးရှား၊ မေ ၇ ရက်တွင် စင်ကာပူ၊ မေ ၉ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များမှာ မေ ၉ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲများကို မေ ၁၁ ရက်၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို မေ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

သတင်း- ရဲရင့်ရှိုင်း
ဓာတ်ပုံ- MFF

No comments:

Post a Comment