Monday, April 30, 2018

အသင်းပြောင်းရွှေ့မည့် သတင်းများကို အဆုံးသတ်ရန် လီဗာပူးက ဆာလက်ကို လစာနှစ်ဆဖြင့် ကမ်းလှမ်း

Image may contain: 1 person, outdoor
လီဗာပူးအသင်းမှာ ခြေစွမ်း ပြနေတဲ့ တိုက်စစ်မှူး ဆာလက်ကို ဆက်ထိန်းဖို့ အတွက် လက်ရှိပေးချေ နေတဲ့ တစ်ပတ်လုပ်ခ လစာ ပေါင် ၉ဝဝဝဝ ကို နှစ်ဆတိုးပြီး ပေါင် ၁၈၅ဝဝဝ လက်ကျန် စာချုပ်သက်တမ်း လေးနှစ် အပြင် စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဆာလက်ဟာ ယခုနှစ် ဘောလုံးရာသီမကုန်ဆုံးခင်မှာပဲသွင်း ဂိုး ၄၃ ဂိုးအထိ သွင်းယူ ထားနိုင်ပြီ ဖြစ်တာကြောင့် ယခုကမ်းလှမ်းချက်ဟာ ဆာလက်ကို လီဗာပူးက ပေးအပ်တဲ့ ဆုဖြစ်တယ်လို့ အင်္ဂလန်ဒေသတွင်း မီဒီယာများက ဖော်ပြပါတယ်။
ဆာလက် လက်ရှိရရှိနေတဲ့ လုပ်ခလစာ တစ်ပတ်လုပ်ခ ပေါင် ၉ဝဝဝဝ ဟာ အသင်းရဲ့ လစာအများဆုံး ကစားသမားတွေထဲမှာ ပါဝင်ပေမယ့် ဆွာရက်ဇ်၊ ကော်တင်ဟိုတို့လို အသင်းပြောင်းရွှေ့မှုမျိုးကြုံမှာ စိုးရိမ်တာကြောင့် ယခုလို လီဗာပူးဘက်က လျင်လျင်မြန်မြန် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဆာလက်ကို ပြီးခဲ့တဲ့နွေဈေးကွက်အတွင်း ရိုးမားအသင်း ကနေ ပေါင် ၃၄ ဒသမ ၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ထုတ်ရောင်းမယ်ဆိုရင် လေးဆလောက် ပြန်ရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး ဆာလက်ရဲ့တန်ဖိုးဟာ ဒီထက်တောင် ပိုတက်လာနိုင်တယ်လို့ ခန့်မှန်းရပြီး ဆာလက်ကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်း နေတယ်လို့ သတင်းတွေ တောက်လျှောက်ထွက်နေပါတယ်။
မေလဲ့သင်း

No comments:

Post a Comment