Monday, April 30, 2018

တောနော်သဘာဝရေတံခွန်နှင့် ကော့ကရိတ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွင်းဆင်းကြည့်ရှု

Image may contain: plant, mountain, tree, outdoor, nature and water
ကော့ကရိတ် ဧပြီ ၂၉
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
သည် ဧပြီ ၂၈ ရက် နံနက်ပိုင်းက ကော့ကရိတ်မြို့ ချောင်းဦးစေတီတံတားကို ဖွင့်လှစ်ပေးပြီး တောနော်သဘာဝရေတံခွန်နှင့် ဒေသဖွံ့ဖြိုးရေး
လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါ်နန်းသူဇာဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နံနက် ၉ နာရီက ချောင်းဦး စေတီတံတားကို ဖွင့်လှစ်ပေးပြီး ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးဘေးရှိ သဘာဝအပန်းဖြေ နေရာ တောနော်ရေတံခွန်သို့ သွားရောက်ကြည့်ရှုရာ ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း နှင့် တာဝန်ရှိသူများက မြို့တွင်ပထမဆုံးဖွင့်လှစ် သော ရေတံခွန်ဖြစ်သည်နှင့်အညီ အများပြည်သူ အပန်းဖြေအနားယူနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေါနအလင်းကုမ္ပဏီ၊ PRO 81 Co.,Ltd နှင့် KHANတို့ပူးပေါင်းဆောင်ရွက်သည့် ပုဂ္ဂလိက ၂၄ နာရီ မီးလင်းရေးစက်ရုံသို့ သွားရောက်ကြည့်ရှုရာ တာဝန် ရှိသူများက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား သည်။ အဆိုပါ စက်ရုံသည်DOOSAN G750 Generator စက်အမျိုးအစားဖြင့် 11 KV လိုင်း ၁၃ မိုင်၊ 0.4 KVလိုင်း ၁၁ မိုင် သွယ်တန်း၍ ထရန်စဖော်မာ ၃၃ လုံးတပ်ဆင်ကာ အိမ်ထောင်စု ၃၈ဝဝ အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များသည် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မြေဆီလွှာ အာဟာရဖြည့်တင်းရေးဆိုင်ရာဆွေး နွေးပွဲသို့ သွားရောက်ပြီး တောင်သူဦးကြီးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။ ထို ဆွေးနွေးပွဲတွင် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်နော်သူးလေထီးနှင့် ခရိုင်သီးနှံတာဝန်ခံ များက မြေဆီလွှာအာဟာရဖြည့်တင်းရေးဆိုင်ရာများအား ဆွေးနွေးဟောပြောခဲ့ပြီး ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများက ထပ်ဆင့် ဆွေး နွေးဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့ ချောင်းတောင်ရေမြှင့်အဆောက် အအုံ(ရေထိန်းတမံ)သို့ သွားရောက်ကြည့်ရှုရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက စီမံကိန်း
ဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြကြသည်။ အဆိုပါ ရေမြှင့်အဆောက်အအုံ သည် အလျား ၁၃၇ ပေ ၅ လက်မ၊ ရေတံခါးအရွယ် အစား ( ၉ ပေ ၅ လက်မ ထ ၄ ပေ ၉ လက်မ) ၁၃ ပေါက် ပါရှိပြီး စီမံကိန်းခန့်မှန်းကုန်ကျငွေမှာ ကျပ် ၃၄၇ သန်းဖြစ်ကာ မတ် ၃ဝ ရက်တွင် ပြီးစီးကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ကော့ကရိတ်မြို့ (ထူးဟဲစေးဟဲ) မျိုးသန့် မျိုးပွားစံပြဥယျာဉ်ခြံသို့ သွားရောက်ကြည့်ရှုရာ
ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် တာဝန်ရှိသူများက ဥယျာဉ်ခြံနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားပြီး အကောင်အထည်ဖော်ဆောင် ရွက်ရန်လျာထားချက်များအား တင်ပြကြသည်။ ထိုဥယျာဉ်ခြံကို သီးပင်စားပင်များ စိုက်ပျိုးခြင်းနှင့် အတူ မျိုးကောင်းမျိုးသန့်များထုတ်လုပ်၍ ဒေသ တွင်း တောင်သူ ဦးကြီးများနှင့် ငြိမ်းချမ်းရေးအဖွဲ့ အစည်းများကို နည်းပညာပြန့်ပွားရေးစခန်း ဖွင့်လှစ် ၍ စာတွေ့လက်တွေ့သင်ကြားပေးမည့် စံပြ ဥယျာဉ်ခြံအဖြစ် ဆောင်ရွက်လျက်ရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment