Wednesday, April 4, 2018

သတင်းမီဒီယာ သုတအဖြာဖြာစာအုပ်ထွက်ရှိ

No automatic alt text available.
နေပြည်တော် ဧပြီ ၃
စာရေးဆရာ၊ သတင်းစာဆရာ ဦးဟန်ညွန့်(ဥပဒေ)ရေးသားပြုစုသော ''သတင်း မီဒီယာ သုတအဖြာဖြာ'' စာအုပ်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂ဝ၁၈ ခုနှစ် မတ်လကုန်တွင် ပထမအကြိမ် ပုံနှိပ်ဖြန့်ချိလိုက်ကြောင်း သိရသည်။
အဆိုပါစာအုပ်သည် သတင်းမီဒီယာသမားတိုင်း လေ့လာဖတ်ရှုသင့်၍ သတင်းမီဒီယာဆိုင်ရာ ဗဟုသုတ သိရှိရ ပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဟံသာဝတီ ဦးအုန်းကြိုင်က အမှာစာရေးသားမိတ်ဆက်ထားသည်။
ဥပဒေနှင့် ပြည်သူ၊ သတင်းမီဒီယာသမားများ သိသင့်သည့်ဥပဒေများ ဆွေးနွေးခန်း၊ ဝန်ကြီးဌာနများနှင့် သတင်းမီဒီယာ၊ သတင်းသမားစဉ်းစားဝေဖန်၊ သတင်းမီဒီယာကျင့်ဝတ်နှင့် ဥပဒေ၊ မမှန်သတင်း၊ အကြမ်းဖက်မှုစသည့် ဆောင်းပါး များအပါအဝင် သတင်းမီဒီယာဆိုင်ရာ ဆောင်းပါး ၇၃ ပုဒ် ဖော်ပြပါရှိကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment